5/05/2015

♪ Samsung Galaxy S6 မှာ Screenshot ဘယ်လိုရယူမလဲ ♫


စတိုတွေ၊ အီးမေးလ်တွေကို နေ့စဉ်နဲ့ အမျှ ပို့နိုင်ပေမယ့် သင့်ဖုန်းထဲမှာ တွေ့ရတဲ့ တစ်ခုခုကိုအခြား တစ်ယောက်ကို ပြချင်ရင်တော့ အဲဒါကို ဓာတ်ပုံရိုက်ပြီး ပြမှရမှာပေါ့။ တချို့ဖုန်းတွေကျတော့ Screenshot ရိုက်ရတာ နည်းနည်းခက်ပါတယ်။ Samsung Galaxy S6 ဒါမှမဟုတ် S6 Edge မှာကျတော့ ခလုတ် (၂) ခုကို တစ်ပြိုင်တည်း နှိပ်ရင်ရသလို Screen ကို လက်ဖ၀ါးနဲ့ ပွတ်ဆွဲပြီးတော့ လည်း ရိုက်လို့ရပါတယ်။ လက်ဖ၀ါးစောင်းနဲ့ ပွတ်ဆွဲပြီးတော့ ရိုက်မယ်ဆိုရင် စခရင်ရဲ့ ညာဘက်ကနေ ဘယ်ဘက်ကို လက်ဖ၀ါးစောင်းနဲ့ ဖြေးဖြေးချင်း ပွတ်ဆွဲရမှာဖြစ်ပြီး စခရင်ပေါ်မှာ သေသေချာချာ ထိနေဖို့လိုပါမယ်။
ခလုတ် (၂) ခု နှိပ်ပြီးတော့ Screen Shot ရိုက်မလား
_ _ _ _ _ _ _ _ _ __ _ _ _ _ _ _ _ _ _ _ _ _ _
ခလုတ် (၂) ခုကို တပြိုင်တည်းနှိပ်ပြီးတော့ ရိုက်ရင် ပိုမြန်ပြီးတော့ သေချာပါတယ်။ ဒါပေမယ့် သင့်လက်ချောင်းတွေက တစ်ပြိုင်တည်း နှိပ်ဖိုတော့ လိုမှာပေါ့။
(၁) Power ခလုတ်မှာ လက်ချောင်း
၁ ချောင်း သေသေချာချာထောက်ထားပြီးရင် မနှိပ်လိုက်ပါနဲ့ဦး
(၂) နောက်လက်ချောင်း (၁) ချောင်းနဲ့ Home ခလုတ်ကို ထိထားပါ။
(၃) ခလုတ် (၂) ခုစလုံးကို တပြိုင်တည်းနှိပ်ပါ။ တကယ်လို့ ခလုတ်တစ်ခုတည်းကိုသာ နှိပ်မိမယ်ဆိုရင်တော့ Screenshot မရိုက်ဘဲ Home ကိုရောက်သွားမယ်။ ဒါမှမဟုတ် ဖုန်းက Sleep ဖြစ်သွားမှာပါ။ Screenshot ရိုက်ပြီးသွားလို့ရှိရင် အောက်မှာဖော်ပြထားတဲ့ ပုံစံတွေကို တွေ့ရမှာပါ။ Notification Drawer ကနေ Notification တစ်ခုပေါ်လာမယ်။ ပုံကိုဖျက်မလား၊ ပြင်မလား၊ ကြည့်မလား၊ Share လုပ်မလား၊ ကြိုက်တာလုပ်လို့ရပါပြီ။ Gallery ထဲကိုရောက်သွားမယ်။ Phone Storage ထဲက DCMI၊ အဲဒီအထဲက Screenshots folder ထဲမှာ ရောက်နေပါပြီ။


Credit : itizen Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com