တရုတ် နည်းပညာ ကုမ္ပဏီ ကြီး Lenovo မှ မတ်လ တွင်မိတ်ဆက်ပေးခဲ့ပြီး လာမည့်
ဇွန်လ မှာVibe Shot ဖုန်းကို US $ 289 doller
ဖြင့်ရောင်းချမည်ဆို၍ စွမ်းရည်မြင့်ဖုန်းတစ်လုံးကိုဈေးသက်သက်သာသာဖြင့် အသုံးပြုရဖွယ်ရှိသောကြောင့်စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါတယ်။
Vibe Shot ရဲ့ စက်တပ်ဆင်မှုတွေကိုလေ့လာကြည့်ရအောင်ဗျာ။ မျက်နှာပြင်အကျယ် ၅ လက်မ ရှိပြီး 1080 x 1920 pixels (~441 ppi pixel density)ရှိတာကြောင့် အရည်အသွေး ကောင်းပြီးတိကျစိုပြေတဲ့ မျက်နှာပြင်ရှိတဲ့အပြင် Corning Gorilla Glass 3 ဖုံးအုပ်ထားတာကြောင့် မာကျောမှုရှိပါတယ်။ Qualcomm MSM 8939 Snapdragon 615 Octa-core 1.7 တပ်ဆင်ထားပြီး RAM 3GB မောင်းနှင် ထားတာမို့ သွက်လက် ပြီး စွမ်းရည် မြင့် Game တွေကို အထစ်အငေါ့မရှိကစားနိုင်မှာဖြစ်ပါတယ်။
မှုလမှတ်ဥာဏ် Internal Memory 32GB ပါဝင်တဲ့အပြင် 128 GB ထိထပ်မံအသုံးပြုနိုင်ရန် MicroSD slot လည်းပါဝင်တဲ့အတွက်သုံးစွဲသူစိတ်ကြိုက် Video Photo တွေ ရိုက်ကူးနိုင်တဲ့ပမာဏဖြစ်တဲ့အပြင် Music တွေ Application တွေသိမ်းဆည်းထားနိုင်အောင်လုံလောက်မှုရှိပါတယ်။ ဒီဖုန်းရဲ့ထူးခြားမှုကတော့ ကင်မရာ ဖြစ်ပြီး ပင်မကျောဘက်ကင်မရာ 16 MP,2997 x 5328 pixels ဖြစ်ပြီး OIS( optical image stabilization) မျက်လုံးတစ်လုံး၏တည်ငြိမ်မှုတိကျမှုကဲ့သို့ရှိသော ဓာတ်ပုံ နည်းပညာ ကိုသုံးထားတဲ့အပြင် triple-LEDမီးအလင်းအားသုံးဆပါဝင်သော flash ကိုသုံးစွဲထားသဖြင့် ညအချိန်ရိုက်ကူးတဲ့ဓာတ်ပုံတွေ မှာတောင်ကောင်းမွန်တိကျတဲ့ ရုပ်ပုံရရှိမှာမလွဲပါဘူး။
8 MPရှေ့ဘက်ကင်မရာတပ်ဆင်ထားတဲ့အတွက် Selfie သမားတွေအကြိုက်တွေ့မှာမလွဲပါဘူး။ဘက်ထရီ ကတော့ ဖြုတ်တပ်လို့မရတဲ့ Non-removableအမျိုးအစားဖြစ်ပြီး 2900 mAh ဖြစ်တာမို့ အတော်အသုံးခံ မှာဖြစ်ပါတယ်။ Design ပိုင်းနဲ့ ဈေးနူန်းကြောင့် Vibe Shot ဟာနာမည်ကြီးစမတ်ဖုန်းတစ်လုံးဖြစ်လာ မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။