5/04/2015

♪ ကွန်ပျူတာအသင်းချုပ်က ITPEC စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ဖိတ်ခေါ် ♫


မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဆက်သွယ်ရေးနှင့် နည်းပညာအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကို ရည်ရွယ်ပြီး ITPEC ဟု အမည်ပေးထားသော အရည်အချင်းစစ် စာမေးပွဲများကို စစ်ဆေးပေးနေသည့် အတွက် အဆိုပါစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရန် ဖိတ်ခေါ်ထားသည်ဟု သိရသည်။

ITPEC စာမေးပွဲကို စစ်ဆေးရာတွင် IT Passport (IP) ဟုခေါ်ဆိုသော နည်းပညာအခြေခံဗဟုသုတနှင့် Fundamental Engineer (FE) ဟုခေါ်ဆိုသော အဆင့်မြင့် Developer များအတွက် စစ်ဆေးသော စာမေးပွဲဟူ၍ ခွဲခြားထားသည်ဟု သိရသည်။ စာမေးကို ကျောင်းသား၊ ကျောင်းသူများ၊ လုပ်ငန်းခွင် သို့ ရောက်ရှိနေသည့် ပညာရှင်များ မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်ပြီး စာမေးပွဲကို မေလ ၁၀ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ သတ်မှတ်ချက်အရ IP စာမေးပွဲအတွက် စာမေးပွဲကြေး နှစ်သောင်း ကျပ် သတ်မှတ်ထားပြီး FE စာမေးပွဲအတွက် စာမေးပွဲကြေး သုံးသောင်းကျပ် သတ်မှတ်ထားသည်ဟု သိရ သည်။ မြန်မာ့နိုင်ငံ ကွန်ပျူတာအသင်းချုပ်သည် ၎င်းတို့စစ်ဆေးပေးနေသော စာမေးပွဲများနှင့် ပတ်သက်၍ အဆိုပါ စာမေးပွဲများသည် အလုပ်အကိုင် အခွင့်အလမ်းအသီးသီးအတွက် ကျွမ်းကျင်မှု အသိအမှတ်ပြု အောင်လက်မှတ်များဖြစ်သည်ဟု ပြောဆိုထားသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com