5/05/2015

♪ Internet.org ကို developer များအားလုံး အသုံးပြုနိုင်ရန် Facebook လုပ်ဆောင်ပေးမည် ♫


Internet.org ၏ အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုကြသည့် ကမ္ဘာတစ်ဝန်းရှိ လူများအတွက် developer များက ဝန်ဆောင်မှုများ တည်ဆောက်ပေးနိုင်ရန် ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Facebook က ထုတ်ပြန်သွားခဲ့သည်။

Facebook က ဦးစီးလုပ်ဆောင်သည့် Internet.org အဖွဲ့အစည်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အွန်လိုင်း ဈေးကွက်ရှိ လူပေါင်းများစွာ ပါဝင်လာသည့် ဈေးကွက်တစ်ခု ဖန်တီးလိုနေသည်။ Internet.org နှင့်ပေါင်းစပ် ထားသည့် ဝန်ဆောင်မှုများ တည်ဆောက်လိုသည့် စွန့်ဦးတီထွင်သူများနှင့် developer အတွက် တိုးတက်မှု ရှိစေမည့် platform ကို စတင်သွားမည် ဖြစ်ကြောင်း တနင်္လာနေ့တွင် Facebook က ထုတ်ပြန်ခဲ့သည်။ Internet.org သည် ၎င်း၏ မိုဘိုင်း app နှင့် ဝက်ဘ်ဆိုက်မှတစ်ဆင့် အခြေခံ ဝက်ဘ်ဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် မိုဘိုင်းကွန်ရက်များနှင့် အခြားမိုဘိုင်း Web browser များနှင့်ပူးပေါင်းထားသည်။

Internet.org အနေဖြင့် အာဖရိက၊ လက်တင်အမေရိကနှင့် အာရှမှ အင်တာနက်အသုံးပြုခွင့် လုံးဝမရရှိသူများ သို့မဟုတ် အနည်းငယ်သာရရှိသူ သန်းပေါင်းများစွာကို အင်တာနက် အသုံးပြုနိုင်အောင် ဆောက်ရွက်ပေးထားသည်။ ထို့အပြင် Internet.org သည် Ericsson, Nokia နှင့် Samsung တို့နှင့် ပူးပေါင်း၍ ကမ္ဘာတစ်ဝန်းရှိ အင်တာနက်အသုံးပြုခွင့် မရရှိသော သုံးပုံနှစ်ပုံခန့် လူဦးရေကို အင်တာနက်အသုံးပြုခွင့် ရရှိစေရန် လုပ်ဆောင်ပေးလျက်ရှိသည်။

ထိုသို့ အသုံးဝင်သည့် အခမဲ့ဝန်ဆောင်မှုများ တည်ဆောက်ခွင့်ပေးရခြင်းမှာ လူပေါင်းများစွာ အင်တာနက် အသုံးပြုလာရန် ရည်ရွယ်၍ဖြစ်ကြောင်း၊ အင်တာနက်ကို အခပေး၍ အသုံးမပြုနိုင်သူများအတွက် ကွန်ရက်ချိတ်ဆက်မှု အနည်းငယ်နှင့် ဖုန်းခေါ်ဆိုခွင့် ရရှိနေခြင်းသည် ဘာမျှမရှိခြင်းထက် ပိုမိုကောင်းမွန်ကြောင်း မတ်ဇူကာဘတ်က ပြောကြားခဲ့သည်။

ထို့အပြင် Facebook သည် ၎င်း၏ platform ကို အသုံးပြုမည့် developer များအတွက် လမ်းညွှန်ချက်များ ထုတ်ထားသည်။ Internet.org တွင် ထောက်ပံ့ပေးမည့် ဝန်ဆောင်မှုများသည် ဝက်ဘ်စာမျက်နှာများနှင့် အွန်လိုင်းအသုံးပြုရန်အတွက် ကန့်သတ်မှုများ ပြုလုပ်ခွင့်မရှိကြောင်း Facebook က ပြောဆိုခဲ့သည်။ ထို့အပြင် Internet.org တွင် ဝန်ဆောင်မှု ထောက်ပံ့သူများသည် ပမာဏအနည်းဆုံး bandwidth နှင့် အခမဲ့ အသုံးပြုနိုင်မည့် ဝန်ဆောင်မှုများကိုသာ ဖန်တီးရမည် ဖြစ်သည်။ Internet.org တွင်Bandwidth မြင့်မားသည့် ဝန်ဆောင်မှုများ ဖြစ်သော VoIP(Voice over IP) ဝန်ဆောင်မှု Skype အပြင် ဗွီဒီယိုဝက်ဘ်ဆိုက်များနှင့် ဖိုင်များပေးပို့နိုင်သည့် platform များကို ဖန်တီးခွင့်ပြုမည် မဟုတ်ကြောင်း Facebook က ပြောကြားခဲ့သည်။


Ref: CNET 
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com