5/19/2015

♪ Google Search မှ အစားအစာများ မှာယူနိုင်ပြီ ♫

Ashampoo_Snap_001_

Google က ရှာဖွေမှုအင်ဂျင်မှနေ၍ အစားအစာများကို မှာယူနိုင်သည့် စွမ်းဆောင်ချက်ကို ထည့်သွင်းပေး လိုက်ပါသည်။ စားသောက်ဆိုင် သို့မဟုတ် အစားအစာတစ်ခုကို Google Search တွင် ရှာဖွေလိုက် သည်နှင့် ပေါ်လာသည့် ရလဒ်များနှင့် အတူ မှာယူနိုင်သည့် ခလုတ်ကိုလည်း ပြသပေးမည် ဖြစ်သည်။

ယခုလက်ရှိတွင် Google သည် Seamless, Grubhub, Eat24, Delivery.com, BeyondMenu, , MyPizza.com စသည့် သယ်ယူပို့ဆောင်ပေးသည့် ကုမ္ပဏီ ခြောက်ခုနှင့် လက်တွဲလုပ်ကိုင်နေပါသည်။ ထို့အတွက်အဆိုပါ ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် စားသောက်ဆိုင်များမှသာ မှာယူနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် သယ်ယူပို့ဆောင်သည့် ကုမ္ပဏီများစွာနှင့် လက်တွဲအလုပ်လုပ်မည်ဟု Google ကပြော ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com