Facebook ပေါ်မှ သူငယ်ချင်းတွေထဲမှာ မိသားစုဝင်တွေ၊ သင်နဲ့ အပြင်ကမ္ဘာမှာ
သိကျွမ်းတဲ့ လူတွေ ပါဝင်သလို လုံးဝသိကျွမ်းခြင်းမရှိတဲ့ လူတွေလည်း
များစွာပါဝင်ပါတယ်။ အဲဒီအတွက် မသိကျွမ်းသူတွေက သင့်ရဲ့ Timeline ပေါ်မှာ
ပို့စ်တွေတင်တာ၊ Timeline ပေါ်မှ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါတဲ့
ပို့စ်တွေကို အများမြင်ရအောင် Share လုပ်နေတာတွေလည်း
ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာတွေ
ကြုံတွေ့နေရတယ်ဆိုရင် သင့်ရဲ့ Timeline ပေါ်မှာ ကြည့်ရှုခွင့်နဲ့
ပို့စ်တင်ခွင့်ကို ကန့်သတ်တာတွေကို ပြုလုပ်သင့်ပါတယ်။
အခြားသူများက သင့်ရဲ့ Timeline ပေါ်မှာ ပို့စ်တင်ခွင့်ကို ကန့်သတ်ခြင်း
အခြားသူများက သင့်ရဲ့ Timeline ပေါ်မှာ ပို့စ်တင်နေတာကို မနှစ်သက်ဘူးဆိုရင် Home Page ရဲ့ ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး Settings ထဲသွားပါ။ Timeline and Tagging ကို တစ်ချက်နှိပ်ပြီး “Who can post on your timeline?” အောက်မှ Drop-Down Menu ကိုနှိပ်ပြီး “ Only Me” ပြောင်းပေးပါ။ ဒါဆိုရင် အခြားမည်သူတစ်ဦးတစ်ယောက်ကမှ သင့်ရဲ့ Timeline ပေါ်မှာ ပို့စ်တင်ခွင့် ရရှိမှာ မဟုတ်တော့ပါဘူး။

သင့်ရဲ့ Timeline ကို ကြည့်ရှုခွင့်ကို ကန့်သတ်ခြင်း
သင့်ရဲ့ Timeline ပေါ်မှာ ပို့စ်တင်ခွင့်ကို ပိတ်လိုက်တာဟာ အလွန်ကန့်သတ်ရာကျပါတယ်။ အဲဒီအစား သင့်ရဲ့ Timeline ပေါ်မှ ပို့စ်တွေကို ကြည့်ရှုခွင့်ကို ကန့်သတ်တာက ကန့်သတ်မှုကို ဖြေလျော့ပေး ရာကျပါတယ်။ Settings > Timeline and Tagging ထဲသွားပြီး “ Who can see what others post on your timeline? “ မှ Options များထဲမှ တစ်ခုကိုရွေးပေးပါ။ သူငယ်ချင်းအရင်းအချာတွေကိုပဲ ကြည့်ခွင့်ပေး ချင်ရင် Close Friends ကိုရွေးပေးသင့်ပါတယ်။

Myanmar Digital Life Journal