Facebook က F8 Developer Conference မှာ အခြား Apps များမှ Content
များကို Messenger ကနေ မျှဝေနိုင်မယ့် စွမ်းဆောင်ချက်ကို ကြေညာခဲ့ပါတယ်။
တစ်နည်းအားဖြင့် Messenger ကို အခြား Apps များနဲ့ တွဲဖက်
အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။ Facebook က Videos, Music, GIFs လို
Content တွေကို Messenger ကနေ မျှဝေနိုင်မယ့် Sharing Platform ကို
တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Messenger နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Apps တွေထဲက တစ်ခုဖြစ်တဲ့ Ditty က Musical Message များပေးပို့နိုင်ပါတယ်။ Message တစ်ခုရေးသားပြီး သီချင်းတစ်ပုဒ်ကို ရွေးချယ်လိုက်တာနဲ့ Ditty က သင်ရွေးချယ်ထားတဲ့ သီချင်းသံစဉ်အလိုက်နဲ့ Message ကို ဖတ်ပြပေးမှာပါ။ အဲဒီ Message ကို သူငယ်ချင်းထံပေးပို့နိုင်မှာ ဖြစ်ပါတယ်။
နာမည်ကြီးတဲ့ Talking Tom ကိုလည်း Messenger နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ Talking Tom မှာ နှစ်သက်ရာဇာတ်ကောင်ကို ရွေးချယ်ပြီး ပေးပို့ချင်တဲ့ အသံ Message ကို Record လုပ်ရမှာပါ။ ပြီးရင်တော့ Video Message အနေနဲ့ သူငယ်ချင်းထံပေးပို့နိုင်ပါပြီ။
အဲဒီ Sharing စွမ်းဆောင်ချက်ကို Android, iOS တို့မှာ အသုံးပြုနိုင်ပါပြီ။
Sharing ကို ရယူရန်
Messenger နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Apps တွေကို Google Play Store or App Store တို့မှာ ရယူနိုင်ပါတယ်။ ဒါမှမဟုတ် Messenger မှာ Conversation တစ်ခု ပြောနေချိန်မှာ More Button ( ဒေါင်လိုက် အစက်သုံးစက်) ကို နှိပ်ရင် ရရှိနိုင်တဲ့ Apps စာရင်းကိုတွေ့ရမှာပါ။ (More ခလုတ်ကို မတွေ့ရသေးရင် Messenger ကို Upgrade လုပ်ပေးပါ။ ) အင်စတောလုပ်ချင်တဲ့ App ကို တစ်ချက်နှိပ်ရင် သက်ဆိုင်ရာ App Store ကိုရောက်ရှိသွားပြီး ရယူနိုင်မှာ ဖြစ်ပါတယ်။
အင်စတောလုပ်ပြီးရင်တော့ Apps များကို Messenger နဲ့တွဲဖက် အသုံးပြုနိုင်တဲ့ ဒါမှမဟုတ် Share ပြုလုပ်နိုင်တဲ့ နည်းလမ်းအနည်းငယ်ရှိပါတယ်။ ဒီ Tutorial မှာတော့ Ditty ကို ဥပမာအနေနဲ့ အသုံးပြုမှာပါ။ အခြား Apps များကိုလည်း ဒီနည်းအတိုင်း အသုံးပြုနိုင်ပါတယ်။
Option One
Messenger မှ Conversation တစ်ခုကိုဖွင့်ပြီး အောက်ခြေမှ More Button ကို နှိပ်ပါ။ Ditty ကို တစ်ချက်နှိပ်ပြီး Musical Message များပြုလုပ်ပါ။ ပြီးရင် Messenger ခလုတ်ကို နှိပ်ပြီး သူငယ်ချင်းထံပေးပို့နိုင်ပါတယ်။
Option Two
Ditty ကိုဖွင့်ပြီး Message တစ်ခုပြုလုပ်ပါ။ ပြီးရင် Messenger ခလုတ်ကို နှိပ်ပါ။ သူငယ်ချင်းတစ်ယောက် သို့မဟုတ် တစ်ယောက်ထက်ပိုပြီး ရွေးချယ်ပြီး ပေးပို့နိုင်ပါတယ်။
Option Three
သူငယ်ချင်းက သင့်ထံ Shared Message တစ်ခုပေးပို့ပြီး သင့်မှာလည်း အဲဒီ App ကို အင်စတောလုပ်ထားရင် အဲဒီ Message မှာ Reply Button ကို ပြသပေးထားမှာဖြစ်ပါတယ်။ အဲဒီခလုတ်ကို နှိပ်ပြီး Message ပြန်လည်ပေးပို့နိုင်ပါတယ်။
အခုလောလောဆယ်မှာတော့ Messenger နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Apps အနည်းငယ်သာ ရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ Facebook Messenger ရဲ့ Sharing Platform ကို Developer များစွာက အသုံးပြုလာနိုင်တဲ့အတွက် Messenger ကနေ ပေးပို့လို့ရတဲ့ Content တွေဟာ တစ်ဖြည်းဖြည်း ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။
Myanmar Digital Life Journal