5/06/2015

ထိုင်းနိုင်ငံ စီးပွားဖြစ် ကွန်ပျူတာသင်တန်း ပရဟိတ

ဘ၀တစ်လျှောက်လုံးရပ်တည်နိုင်ဖို့ ကွန်ပျူတာသင်တန်းတက်ကြစို့ (ပရဟိတ)
--------------------------------------------------------------------------------
အခုသင်တန်းကတော့ ကျွန်တော်တို့ အနေနဲ့ သင်တန်းကြေးရယ်လို့သတ်မှတ်ထားတာ မရှိပါဘူး။ အားလုံးလည်း သင်ယူနိုင်အောင်နဲ့ သင်ယူပြီးရင်လည်း ကွန်ပျူတာပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းနိုင်ဖို့အထိ ရည်ရွယ်ပြီးတော့ ဆရာတော်တစ်ပါးနဲ့တိုင်ပင်ပြီးလုပ်လိုက်တာပါ။ အဲ့တော့ ယခု သင်တန်းပြီးသွားရင် ဆိုင်တစ်ဆိုင်ကို ကိုယ်ပိုင်ဖွင့်နိုင်တဲ့အထိ နားလည်တတ်ကျွမ်းသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကွန်ပျူတာပညာရပ်ကို လေ့လာတဲ့အခါမှာ သိယုံပဲ သိနေလို့မရသလို။ တစ်ခုတည်းကိုပဲ နားလည်ထားလို့မရပါဘူး။ အခြေခံသဘောတရားတွေကို အားလုံးနားလည်ထားပြီး လေ့လာတတ်ကျွမ်းထားမှ ဆိုင်တစ်ဆိုင်ကို ဖွင့်နိုင်မှာပါ။ အခု သင်တန်းကို အဖွဲ့(၂)ဖွဲ့ ခွဲထားပါတယ်။ တစ်ဖွဲ့က ကွန်ပျူတာနဲ့ ပတ်သက်ပြီး ဘာမှကို မသိထားတဲ့ အဖွဲ့အတွက် အခြေခံကွန်ပျူတာ သင်တန်းနဲ့။ အခြေခံအဆင့်ကို နားလည်တတ်ကျွမ်းထားပြီးသားအဖွဲ့ ဆိုပြီး ၂ ဖွဲ့ခွဲထားပါတယ်။ ပထမအဖွဲ့က မနက်ပိုင်း နဲ့ ဒုတိယ အဖွဲ့က ညနေပိုင်းဆိုပြီး ခွဲပေးထားပါတယ်။ သင်ပေးမယ့် အခန်းကလည်း အဲကွန်းရှိတဲ့ အခန်းကျယ်ဖြစ်သလို ကွန်ပျူတာ သင်ထောက်ကူ ပစ္စည်းများအစုံဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။ ဒီ့အတွက် မိမိရဲ့ဘ၀ကို ကွန်ပျူတာ ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ချင်သည့် မြန်မာညီအစ်ကို မောင်နှစ်မများအားလုံး ကျွန်တော်နဲ့ ဆက်သွယ်ပေးပါ။ အခန်းက လူ 50 လောက်ပဲ ဆန့်မှာမို့ လူအယောက်ရေ ကန့်သတ်ထားပါတယ်။ အားလုံးသိစေချင်တာ တစ်ခုကတော့ အခု သင်မယ့်သင်တန်းဟာ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု အနေနဲ့ သင်ပေးမယ့် သင်တန်းဖြစ်ပါတယ်။ အပျော်တမ်းသင်တန်း မဟုတ်တဲ့အတွက် တကယ် စီးပွားရေးလုပ်ချင်သည့် ဆိုင်ဖွင့်ချင်သည့် ကွန်ပျူတာဖြင့် အသက်မွေးလိုသည့် သူများသာ ဆက်သွယ်ပေးစေလိုပါတယ်။ သင်ပေးမည့် အကြောင်းအရာများအားလုံးသည် ဆိုင်တစ်ဆိုင်ဖွင့်ရာတွင် သိထားရမည့် အသိပညာ အတတ်ပညာများအားလုံးကို လက်တွေ့ချပြ သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းဟောင်းတပည့်များအနေနဲ့ကတော့ ဒုတိယအဖွဲ့မှာ စာရင်းပေးစရာမလိုပဲ လာရောက်တက်လို့ရပါပြီ။ သင်တန်းဟောင်းတပည့် 27 ယောက်ရှိပါတယ်။

အခြေခံအဖွဲ့
-------------
၎င်းအဖွဲ့အား မနက် (8း00) နာရီကနေ နေ့လည် (12း00)နာရီအထိ သင်ကြားပေးမည် ဖြစ်ပါတယ်။
၁။    ၄င်းအဖွဲ့ကိုတော့ ကျွန်တော်တို့အနေနဲ့ ကွန်ပျူတာ တစ်လုံးစတင်ဝယ်ယူသည့်အခါ ရွေးချယ်တတ်နိုင်စေဖို့နဲ့ ၀ယ်ယူပြီး ကိုယ်တိုင် ပြန်လည်ပြုပြင်နိုင်ဖို့အတွက် လည်းကောင်း၊
၂။    O/S နဲ့ ပါတ်သက်သည့် ဗဟုသုတများနှင့် Windows O/S (xp,vista,7,8,10) စသည်တို့ကို တင်နည်းများအားလည်းကောင်း၊
၃။    O/S ရှိပြီးသည့် ကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းနိုင်စေရန် Cpanel နဲ့ ပါတ်သက်သည်များကိုလည်းကောင်း၊
၎။    installing နှင့်ပါတ်သက်သည်များကိုလည်းကောင်း၊
၅။    Virus ကာကွယ်ပုံ နည်းစနစ်နှင့် Cracking နှင့် ပါသက်သည့်ဗဟုသုတများနှင့် virus သတ်နည်းများအားလည်းကောင်း၊
၆။    Intenet လုံခြုံရေးနှင့်ပါတ်သက်သည် များအားလည်းကောင်း၊
၇။    Facebook & Email အသုံးပြုသူများ မိမိ၏ အကောင့်အား အလွယ်တကူ မယူနိုင်စေရန် ကာကွယ်ထိန်းသိမ်းသင့်သည့် အသိပညာများအားလည်းကောင်း၊
၈။    search Engine ၏ သဘောတရားများနှင့် မိမိလိုအပ်သည့် အချက်အလက်များကို အင်တာနက်မှ ရှာဖွေသည့် နည်းစနစ်များအားလည်းကောင်း
၉။    Storage server များနှင့်ပါတ်သက်သည့် ဗဟုသုတများနှင့် ကိုင်တွယ်ပုံ နည်းစနစ်များ စသည့်များစွာသော အသိပညာများနှင့် ဗဟုသုတများကို ချပြရှင်းလင်း သင်ကြားပေးမည် ဖြစ်ပါသည်။

အခြေခံတတ်ကျွမ်းပြီးသူအဆင့် (Pro)

--------------------------------
  1. Laptop  & Desktop များအား ကိုယ်တိုင် ပြုပြင်နိုင်စေရန်နှင့် ရွေးချယ်ဝယ်ယူနိုင်စေရန် Hardware နှင့်ပါတ်သက်သည်များကို လက်တွေ့သင်ကြားပေးခြင်းအားလည်းကောင်း
  2. စာစီစာရိုက်နှင့်ပါတ်သက်ပြီး မသိမဖြစ်သိရမည့် program ဖြစ်ပြီး တတ်ကျွမ်းထားဖို့လိုအပ်သည့် Adobe Indesign အသုံးပြုနည်း အသေးစိတ်အားလည်းကောင်း
  3. ဓါတ်ပုံပြုပြင်သည့်အခါ မသိမဖြစ် သိထား တတ်ကျွမ်းထားရမည့် Adobe Photoshop CS6 အသုံးပြုနည်းနှင့် ကိုယ်ပိုင် template ဒီဇိုင်းများ ရေးဆွဲနည်းအား လည်းကောင်း
  4. animation ပြုလုပ်လျှင်သော်လည်းကောင်း resolution မြင့်သည့် ပုံများရရှိနိုင်စေရန်၊ ဖိတ်စာဒီဇိုင်းများ ရေးဆွဲရာတွင် မသိမဖြစ် သိထားရမည့် adobe Illustrator အသုံးပြုနည်း အားလည်းကောင်း
  5. Accounting နှင့်ပါတ်သက်ပြီး စာရင်းအင်းပညာရပ်ကို တွက်ချက်လုပ်ဆောင်ရာတွင် မရှိမဖြစ် တတ်ကျွမ်းထားရမည့် Microsoft Excel အား အသုံးပြုနည်း အသေးစိတ်အားလည်းကောင်း၊
  6. Video တည်းဖြတ်ရာတွင် မရှိမဖြစ် တတ်ကျွမ်းထားရမည့် Adobe Premiere CS6 အသုံးပြုနည်းမှသည် DVD အခွေ ထုတ်တဲ့အဆင့်အထိ အားလည်းကောင်း၊ ၄င်း course ထဲတွင် နာမည်ကြီး video တည်းဖြတ်သည့် program ဖြစ်သော Edius ကိုပါ ထည့်သွင်း သင်ကြားပေးမည် ဖြစ်ပါသည်။
  7. Run box နှင့် ပါတ်သက်သော shortcut များနှင့် ကျွမ်းကျင်စွာ အသုံးပြုနည်း အသေးစိတ်အားလည်းကောင်း
  8. Linux O/S နှင့်ပါတ်သက်သည့် အသုံးပြုနည်းများအားလည်းကောင်း
  9. အပျော်တမ်း wifi လွှင့်နည်းမှသည် စီးပွားဖြစ် wifi လွှင့်နည်းအထိ အသုံးပြု ကိုင်တွယ်နည်းအားလည်းကောင်း စသည့် များစွာသော အသိပညာအတတ်ပညာများကို သင်ကြားပြသပေးမည် ဖြစ်ပါသည်။

စာရင်းစတင်လက်ခံမည့် အချိန် ။    (10 May 2015) တနင်္ဂနွေနေ့
ဆက်သွယ်ရန်ဖုန်း ။    0947463414 (viber - 0947463414) ကိုညီနေမင်း (နည်းပညာ)
စာရင်းလာပေးရမည့် နေရာ ။    ဖိကစင် 62/4 နှင့် 62/3 ကြားရှိ အမြင့်ဆုံး ကွန်ဒို တိုက်ခန်း (ထိုင်းနိုင်ငံ)။ ဖိကစင် Lotus ကြီးနား၊ ကွန်ဒိုသည် security card ဖြင့် ဖွင့်ရသည့်အတွက် အပေါ်ထပ်မှ ကျနော်တို့အနေဖြင့် လာကြိုပေးမည် ဖြစ်ပါသည်။ မလာတတ်သည့် သူများလည်း ဖုန်းဆက် မေးလို့ရပါတယ်။ မြို့ထဲတွင်ဖြစ်သည့်အပြင် အားလုံးနှင့်နီးသည့်နေရာ ဖြစ်သည့်အတွက်ကြောင့် လာရတာ အဆင်ပြေမည်ထင်ပါတယ်။ ကားဂိတ်နှင့်လည်း နီးပါတယ်။ အသေးစိတ် သိလိုသည့်သူများ မေးမြန်းဆက်သွယ်နိုင်ပါတယ်။