5/05/2015

♪ ပီစီမှ အင်တာနက် ဆက်သွယ်မှုကို Android စမတ်ဖုန်းတွင် အသုံးပြုနည်း ♫

1

များသောအားဖြင့်တော့ Android Phone မှ အင်တာနက် ဆက်သွယ်မှုကို ပီစီများမှာ ရယူအသုံးပြုလေ့ရှိပါတယ်။ ဒါကို Tether လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါပေမယ့်လည်း ပီစီမှ အင်တာနက် ဆက်သွယ်မှုကို ဖုန်းမှာ အသုံးပြုချင်ရင် Reverse Tether ပြုလုပ်နိုင်ပါတယ်။

ဒီလိုလုပ်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ WiFi Hotspot, Bluetooth, USB Cable နည်းလမ်းများ ဖြစ်ပါတယ်။ ဒီနည်းလမ်းများက သင့်ဖုန်းမှ Mobile Data ကို ချွေတာချင်ရင် ဒါမှမဟုတ် သင့်ဖုန်းမှာ အင်တာနက် မရရှိဘဲ ပီစီမှ အင်တာနက်ကို အသုံးပြုချင်ရင် အသုံးဝင်မှာ ဖြစ်ပါတယ်။

WiFi Access Point
အလွယ်ဆုံးနည်းကတော့ ပီစီမှာ WiFi Hotspot တစ်ခုပြုလုပ်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ပီစီမှာ WiFi Hardware လိုအပ်ပါတယ်။ Laptop များမှာတာ့ WiFi Hardware ပါရှိလေ့ရှိပါတယ်။ WiFi Hardware မပါတဲ့ ပီစီတွေအတွက်တော့ USB-to-WiFi adapter ကို အသုံးပြုနိုင်ပါတယ်။
Android Phone နဲ့ Tablet တွေက ad-hoc network ကို အထောက်အပံ့ပေးခြင်း မရှိပါဘူး။ ဒါပေမယ့် Virtual Router Software ကို အသုံးပြုပြီး WiFi Hotspot တစ်ခုဖန်တီးနိုင်ပါတယ်။ Android Device တွေက အဲဒီ WiFi Hotspot ကို ချိတ်ဆက်နိုင်ကြပါတယ်။

1

Virtual Router ကို အောက်ပါ လင့်ကနေ ရယူနိုင်ပါတယ်။
http://goo.gl/lKRcPS

Bluetooth PAN
Bluetooth ဆက်သွယ်မှုကို အသုံးပြုပြီးလည်း အင်တာနက်ဆက်သွယ်မှုကို မျှဝေနိုင်ပါတယ်။ သင့်ရဲ့ Android Phone, Tablet ဟာ Android 4.0 နဲ့ အထက်ရှိဖို့ လိုအပ်ပါတယ်။ ဖုန်းမှာ Bluetooth ဖွင့်ပါ။
ပီစီမှာ Bluetooth PAN ( Personal Area Network) ကို ဖွင့်ဖို့အတွက်
၁။ Control Panel ထဲသွားပြီး Search Box မှာ Adapter လို့ရိုက်ပါ။ Network and Sharing Center အောက်မှ View network connections ကို နှိပ်ပါ။
၂။ Personal Area Network အောက်မှ Bluetooth Network Connections ကိုနှိပ်ပါ။
၃။ Toolbar ပေါ်မှ View Bluetooth network devices ကို နှိပ်ပါ။
၎။ Bluetooth Personal Area Network Devices dialog box ထဲမှ Bluetooth devices အောက်မှာ သင်ချိတ်ဆက်ချင်တဲ့ စမတ်ဖုန်းကို တစ်ချက်နှိပ်ပြီး Connect ကို နှိပ်ပါ။

WiFi ဆက်သွယ်မှုဟာ Bluetooth ထက် မြန်ဆန်တဲ့အတွက် ဖော်ပြပြီးတဲ့ နည်းလမ်းနှစ်ခုမှာ WiFi Hotspot ပြုလုပ်ပြီး အင်တာနက် ဆက်သွယ်မှု မျှဝေတဲ့ နည်းလမ်းကို အသုံးပြုသင့်ပါတယ်။

USB Cable ( Root Only )
USB ကြိုးကနေတစ်ဆင့် ပီစီမှ အင်တာနက် ဆက်သွယ်မှုကို ဖုန်းထံ မျှဝေနိုင်ပါတယ်။ ဖုန်းဟာ Root လုပ်ထားဖို့လိုသလို Settings>Development ထဲမှ USB Debugging ကို On ထားရမှာပါ။ ပီစီမှာ အသုံးပြုရမယ့် Android Reverse Tethering Tool ကို အောက်ပါ လင့်မှ ရယူပါ။
http://goo.gl/tXlG5a

Software ကို အင်စတောလုပ်ပြီးရင် ဖုန်းကို ပီစီနဲ့ USB ကြိုးမှတစ်ဆင့် ချိတ်ဆက်ပါ။ Select a device မှာ သင့်ရဲ့ ဖုန်းကို ရွေးပေးပြီး Connect ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် ဖုန်းမှာ လိုအပ်တဲ့ Apps နှစ်ခုဖြစ်တဲ့ Busybox နဲ့ Redsocks တို့ကို ထည့်သွင်းပေးမှာပါ။

2

ဒါဆိုရင် ပီစီမှ အင်တာနက် ဆက်သွယ်မှုကို ဖုန်းမှာ အသုံးပြုနိုင်ပါပြီ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com