3/06/2015

♪ Viber Sticker ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင် ♫


ရုပ်သံခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းတို့ကို ဝန်ဆောင်မှုပေး အပ်နေသည့် Viber သည် Sticker ဇာတ်ကောင်အသစ် ဖန်တီးခြင်းပြိုင်ပွဲကို ကျင်းပ၍ ဆုရရှိသူ၏ Sticker အတွက် ရောင်းချ ရရှိသည့် ငွေကြေးကို ရှယ်ယာအဖြစ် ပြန်လည်ခွဲဝေ ပေးသွားမည်ဟု ကြေညာခဲ့သည်။

Viber အနေဖြင့် ဖန်တီးမှုများကို ဖော်ထုတ်ပေးနေသည့် Talenthous နှင့် ပူးပေါင်း၍ ပြိုင်ပွဲကို ကျင်းပေးခြင်းဖြစ်ပြီး မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။

ပြိုင်ပွဲဝင်များသည် မိမိဖန်တီးထားသည့် Sticker ဒီဇိုင်းများကို ဧပြီလ ၁၅ ရက် နောက်ဆုံးထား၍ www.viber.com/StickyFingers/Info သို့ပေးပို့ရမည်ဟု Viber က ကြေညာထားသည်။

ရွေးချယ်ခံရသည့် ဒီဇိုင်းဖန်တီးရှင် တစ်ယောက်သည် Viber Design Studio နှင့် ပူးပေါင်း၍ ထုတ်ကုန်တစ်ခု ဖြစ်လာသည့်အထိ လက်တွဲဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပြီး ထွက်ရှိသည့် Sticker ကို Viber Sticker Market သို့ တင်ဆောင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Viber Sticker Market ၌ ရောင်းချရရှိသည့် ငွေကြေးကို ဒီဇိုင်းဖန်တီးရှင် တစ်ဦးအနေဖြင့် ရှယ်ယာဝေစု ရရှိမည်ဟု Viber က သတင်းထုတ်ပြန်ထားပြီး အဆိုပါ Sticker ကိုလည်း ဆိုရှယ် မီဒီယာမှ တစ်ဆင့် ကမ္ဘာသို့ ထုတ်ပြန် ကြေညာပေးသွားမည်ဟု သိရသည်။

Viber အနေဖြင့် ဖန်တီးရှင်တစ်ဦးကိုသာ ရွှေးချယ်၍ အစုရှယ်ယာအနေဖြင့် ရောင်းချရရှိသည့် ငွေကြေး ကို ပြန်လည်ခွဲဝေပေးမည် ဖြစ်သော်လည်း ပြိုင်ပွဲဝင်များ၏ နောက်ဆုံးဆန်ခါတင် ၁၀ ဦး ကိုမူ ထောက်ပံ့ကြေးတစ်ခု သတ်မှတ်၍ ပေးအပ်သွားမည်ဟု ပြောဆိုခဲ့သည်။

ထောက်ပံ့ငွေကြေးနှင့် ပတ်သက်၍ Viber က ပမာဏတစ်ခုကို ထုတ်ပြန်ပြောဆိုထားခြင်း မရှိသော်လည်း ၎င်းတို့အနေဖြင့် အသုံးပြုသူ ၅၁၆ သန်းကို ပိုင်ဆိုင်ထားသည်ဟု သိရသည်။

ထို့အပြင် သန်းပေါင်း ၅၀၀ ကျော်သော Sticker များကို အသုံးပြုသူများက ရယူခဲ့ကြပြီး တစ်နှစ်တာအတွင်း Sticker သန်းပေါင်း ၂၂ ဘီလီယံကျော်ကို အပြန်အလှန် ပေးပို့ခဲ့ကြသည်ဟု သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com