3/06/2015

♪ Dell Venue 8 7000 ရဲ့ အားသာချက် ၊ အားနည်းချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ပေါ့ပါးတဲ့ ဒီဇိုင်းပုံစံနဲ့ ထုတ်လုပ်ထားပြီး ကိုင်ဆောင်ရ လွယ်ကူတဲ့ Dell Venue 8 7000 ဟာသုံးစွဲသူနှ စ်သက်သဘောကျစေမယ့် ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Intel ရဲ့ RealSenseSensor ကို အသုံးပြုထားသည့် အတွက် ဓာတ်ပုံရိုက်ကူးတဲ့ အခါမှာတိကျ ပြတ်သားတဲ့ ဓာတ်ပုံကောင်းတွေကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် MicroSDကို 512GB အထိ အထောက် အပံ့ ပေးနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။

အားနည်းချက်
အားနည်းချက် များများစားစား မရှိပေမယ့် အသုံးပြုချိန် ကြာလာတာနဲ့အမျှ Tablet ဟာ ပူလာနိုင်ပါတယ်။

သုံးသပ်ချက်
Tablet နဲ့ ဓာတ်ပုံရိုက်တတ်တဲ့ သူတွေအတွက်ကတော့ အရည်အသွေးေ ကာင်းမွန်တဲ့ ဓာတ်ပုံ တစ်ပုံကောင်း ရရှိနိုင်ဖို့အတွက် Dell Venue 8 7000 ရဲ့ 3D Camera နဲ့ Editing Feature တွေဟာ အထောက်အကူ ပေးနိုင်မှာဖြစ်ပါတယ်။ Speaker တွေကို Tablet ရဲ့ အောက်ခြေ မျက်နှာပြင်ဘက်မှာ အတန်းလိုက် တပ် ဆင်ပေးထားပြီး၊ Front Camera ကိုလည်း အောက်ခြေမှာပဲ တပ်ဆင်ပေး ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ တပ်ဆင်ပေးထားတဲ့ Rear Camera နဲ့  3D Photo တွေကို ရိုက်ကူးပေးနိုင်မယ့် Intel ရဲ့ RealSense နည်းပညာသုံး ကင်မရာနှစ်လုံးကိုလည်း Rear Camera ရဲ့ အောက်ခြေမှာ တပ်ဆင်ပေးထားတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။


အသေးစိတ်ဖော်ပြချက်
Dell Venue 8 7000 ဟာ Intel Atom Z3580 ကိုChiptset ကိုတပ်ဆင်ထားပြီး၊ Quard Core Processor ကို အသုံးပြုထားပါတယ်။ Processor ရဲ့မြန်နှုန်းကလည်း 2.3GHz ခန့်ရှိမှာ ဖြစ်ပါတယ်။ ဂိမ်းကစားတဲ့သူတွေ စိတ်တိုင်းကျ ရုပ်ထွက်ကို ရရှိနိုင်စေရန်အတွက် PowerVR G6430 GPU ကိုတပ်ဆင် ပေးထားပါတယ်။ RAM ကို 2GB အသုံးပြုထားပြီး၊ Internal Stroage ကတော့ 16GB ရှိမှာဖြစ်ပါ တယ်။ External Stroageကို 512 GB အထိထပ်မံ တိုးချဲ့အသုံးပြု နိုင်ဖို့အတွက်လည်း အထောက်အပံ့ ပေးထားတဲ့ Tablet ဖြစ်ပါတယ်။

ဒီ Tablet ဟာမျက်နှာပြင် အရွယ်အစား ၈.၄ လက်မခန့် ရှိမှာဖြစ်ပြီး၊ Screen Resolution က 1600 x 2560 Pixels ရှိမှာဖြစ်ပါတယ်။ Rear Camera ကတော့ 8 MP ခန့်ရှိမှာဖြစ်ပြီး၊ 3D ရိုက်ကူးနိုင်တဲ့ Intel RealSense 3D Technology ကင်မရာ နှစ်လုံးလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Front Camera ကတော့ 2MP ခန့်သာ ရှိမှာဖြစ်ပါတယ်။ ဒီ Tablet မှာ အသုံးပြုထားတဲ့ OS ကတော့ Android 4.4 Kitkat Version ဖြစ်ပါတယ်။ OLED Capacitive Touchscreen ကိုအသုံးပြုထားပြီး Media File Format အများအပြားကို အထောက်အပံ့ ပေးနိုင်တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
တန်ဖိုး - ကန်ဒေါ်လာ ၃၉၉

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com