ဖုန်း၏ရှေ့ဘက်
Screen မျက်နှာပြင်နှင့် နောက်ကျောဘက် မျက်နှာပြင်နှစ်ခုစလုံးတွင် Touch
စနစ်ဖြင့် အသုံးပြုနိုင်သော Yota Phone 2 အား ပြည်တွင်းဈေးကွက်တွင် ဝယ်ယူ
အသုံးပြုနိုင်ပြီဖြစ် ကြောင်း သိရသည်။ အဆိုပါ Yota Phone2 တွင် ဖုန်း၏ရှေ့
ဘက်မျက်နှာပြင်မှာ AMOLED Capacitive Touch Screen အမျိုးအစားဖြစ်ပြီး
နောက်ဘက်မျက်နှာပြင်မှာ Touch စနစ် အသုံးပြုနိုင်သော E Ink မျက်နှာပြင် အမျိုး အစားတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
Screen နှစ်ဘက်ပါဝင်သော ၎င်းဖုန်းတွင် ရှေ့ဘက် Screen မှာ 5.0 လက်မအရွယ်အစားရှိ AMOLED မျက်နှာပြင်ဖြစ်ပြီး Resolution အနေဖြင့် 1080 x 1920 Pixel ဖြစ်ကာ နောက်ဘက် မျက်နှာပြင်မှာ 4.7 လက်မအရွယ်အစားရှိ E Ink မျက်နှာပြင်ဖြစ်သည်။ အဆိုပါ E Ink မျက်နှာပြင်မှာ Resolution အနေဖြင့် 960x540 Pixel ရရှိနိုင် မည်ဖြစ်သည်။
E Ink ဆိုသည်မှာ Electrophoretic Ink ဟုအမည်ရသော မျက်နှာပြင်ဖြစ်ပြီး ယင်းမျက်နှာ ပြင်မှာ ဖုန်း၏ရှေ့ဘက်မျက်နှာ ပြင်ကဲ့သို့ အရောင်များဖြင့် ဖွဲ့စည်းထားသော Color LCD မျက်နှာပြင် မျိုး မဟုတ်ပဲ အဖြူအမည်း နှစ်ရောင် ဖြင့်သာဖွဲ့စည်းထားသော Touch Screen မျက်နှာပြင်တစ်ခု ဖြစ်သည်။ Yota Phone2 တွင်ပါဝင်သော နောက်ဘက် E Ink မျက်နှာပြင်မှာ စာဖတ်ရန် အတွက် အသင့်လျော်ဆုံးဖြစ်စေ ရန် ပြုလုပ်ထားခြင်းဖြစ်ပြီး စာရွက်ဖြင့် စာဖတ်ရသည့် မြင်ကွင်း အရသာမျိုးကို ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ နောက်ဘက် E Ink မျက်နှာပြင်ပေါ်တွင် လည်း ရှေ့မျက်နှာပြင်ပေါ်၌ အသုံးပြုသော ဖုန်း၏ Setting များအားလုံးကို ပြောင်းလဲရွှေ့ ပြောင်း အသုံးပြုနိုင်မည်ဖြစ်သည့် အပြင် ရှေ့မျက်နှာပြင်ကဲ့သို့ပင် Lock ပြုလုပ်ခြင်းများ ကိုလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။
ဖုန်း၏ရှေ့ဘက်မျက်နှာပြင် နှင့် နောက်ဘက်မျက်နှာပြင်တို့မှာ အသုံးပြုပုံစံများအနေဖြင့် တူညီစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး Screen အရောင်အနေဖြင့် ကာလာနှင့် အဖြူမည်းသာ ကွဲပြားခြားနား မည် ဖြစ်သည်။ Yota Phone2 တွင် Quad-core 2.3 CPU, Adreno 330 GPU တို့ဖြင့်ဖွဲ့စည်း ထားပြီး 8 Mega Pixel နောက် ဘက်ကင်မရာနှင့် 2.1 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်မည် ဖြစ်သည်။ မှတ်ဥာဏ်အနေဖြင့် Internal Memory 32GB နှင့် RAM 2GB ပါဝင်မည်ဖြစ်သည်။ ၎င်းဖုန်း၏ တန်ဖိုးမှာ ကျပ် ၁,၁၆၀,၀၀၀ ဝန်းကျင်ဖြစ်ပြီး ဝယ်ယူလိုသူများ အနေဖြင့် My Mobile မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၁-၂၂၅၆၄၉ တွင် ဆက်သွယ် စုံစမ်း ဝယ်ယူနိုင်မည်ဖြစ်သည်။