အားသာချက်
ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေမှာ ကောင်းမွန်မှု ရှိနေတာ တွေ့ရပါတယ်။ အွန်လိုင်းအသုံး ပြုစနစ်တွေမှာလည်း Google ရဲ့ဝန်ဆောင်မှု တွေကို အသုံးပြုနိုင်တာ တွေ့ရတဲ့ အပြင် ဖုန်းမှာအသုံးပြုဖို့ အတွက် Virus Scanner စနစ်တွေလည်း ပါဝင်ပါတယ်။ မြန်မာစာစနစ် တစ်ပါတည်း ပါဝင်ပြီး ဖုန်းမှာ ပါဝင်တဲ့ မြန်မာစာစနစ်ဟာ ဖုန်းတွင်းစနစ် အားလုံး အတွက်လည်း မြန်မာလို မြင်တွေ့ အသုံးပြုနိုင်ပါတယ်။
အားနည်းချက်
ဖုန်းမှာ ပါဝင်တဲ့ မှတ်ဥာဏ်ဟာ နည်းပါတယ်။ ဖုန်းမှတ်ဥာဏ်ဟာ နည်းတဲ့အတွက် Micro SD Card ကိုတော့ အသုံးပြုရပါလိမ့်မယ်။
ဒီဇီုင်း
ပုံစံဒီဇိုင်းပိုင်းမှာတော့ ဒီဖုန်းဟာ လေးထောင့်ဆန်ဆန် ပုံစံမျိုးဖြစ်ပြီး ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင် ပတ်လမ်းကြောင်းဟာ သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားတာပါ။ ဖုန်းတစ်ခုလုံးဟာ သတ္တုကိုယ်ထည် ပုံစံမျိုး သတ္တု အရောင်အတိုင်း ပြုလုပ်ထားတာဖြစ်ပေမယ့် ဖုန်းတစ်ခုလုံးက သတ္တုကိုယ်ထည် မဟုတ်ပါ ဘူး။ နောက်ဘက်ကာဘာက ဖြုတ်နိုင်တပ်နိုင်တဲ့ ပလတ်စတစ်ကာဗာပါ။ အရွယ်အစားအနေနဲ့ ကတော့ ဘေးတိုက်အကျယ် ၇.၂၅ စင် တီမီတာရှိပြီး အထက်အောက်အမြင့်ကတော့ ၁၄.၆၅ စင်တီမီတာရှိပါတယ်။ လက်နဲ့ကိုင်တွယ် အသုံးပြုဖို့အတွက် အဆင်ပြေတဲ့ ပုံမှန် အရွယ်အစားမျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။ ထုထည်ကတော့ ၀.၈၂ စင်တီမီတာသာရှိတဲ့အတွက် ပါးတယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။ ကိုင်တွယ် အသုံးပြုချိန်မှာတော့ အလေးချိန်က ပေါ့ပါးတယ်လို့ မဆိုနိုင်ပေမယ့် အရမ်းတော့အလေးချိန်မများပါဘူး။
ကွန်ရက်
GSM ကွန်ရက်စနစ်သုံးဖုန်း အမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။ Dual Sim ဖုန်းအမျိုးအစား ဖြစ်ပြီး Micro Sim စနစ်ကိုအသုံးပြုရမှာဖြစ်ပါတယ်။ Dual Sim ဆိုပေမယ့် Sim Card နှစ်ကတ်စလုံးကို အသုံးပြုမယ်ဆိုရင်တော့ မှတ်ဥာဏ်အတွက် Micro SD Card ကို ထည့်သွင်း အသုံးပြုလို့မရနိုင်ပါဘူး။ Sim Card Slot တစ်ခုဟာ SD Card နဲ့ တူတူတွဲထား တာဖြစ်တဲ့အတွက် SD Card အသုံးပြုချိန်မှာ Sim Card တစ်ခုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး Sim Card နှစ်ခုအသုံးပြုမယ်ဆိုရင်တော့ Memory Card ကို အသုံးပြုလို့ မရနိုင်ပါဘူး။
မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၀ လက်မရှိပြီး IPS Display အမျိုးအ စားပါ။ Screen Resolution အနေနဲ့ 540x960 Pixel ရှိပါတယ်။
နည်းပညာ
ကင်မရာစနစ်ပိုင်းမှာတော့ ဓာတ်ပုံကို အသံနဲ့ ရိုက်နိုင်မယ့် Voice Capture ဆိုတဲ့စနစ် ပါဝင်ပါတယ်။ ဒီစနစ်မှာ ပါဝင်တဲ့ Capture နဲ့ Cheese ဆိုတဲ့စနစ်နှစ်ခု ပါဝင်ပြီး ဒီနှစ်ခုထဲက နှစ်သက်ရာ တစ်ခုကို ရွေးချယ်ထားပြီး ကိုယ်ရွေးချယ်ပေးထားတဲ့ အသံထွက်ကို ပါးစပ်ကနေ ပြောလိုက်ရုံနဲ့ ကင်မရာကအလိုအလျောက်ဓာတ်ပုံရိုက် ပေးနိုင်ပါတယ်။ အခြားနည်းပညာ အသစ်အဆန်းတွေကို အသုံးပြုထားတာမျိုးတော့ သိပ်မတွေ့ရပါဘူး။ ပုံမှန် Android OS ဖုန်းတွေ လိုပဲအသုံးပြုနိုင်ပါတယ်။ Browser စနစ်ပိုင်းနဲ့ Google ၀န်ဆောင်မှုအပိုင်းတွေကို ပြည့်ပြည့်စုံစုံအသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဖုန်းထဲမှာရှိနေတဲ့ ဖုန်းမှတ်ဥာဏ်ပိုင်းနဲ့ Memory Card တွေကို စစ်ဆေးခြင်း၊ ဖုန်းရဲ့ System ထဲမှာ Virus စစ်ဆေးခြင်း အစရှိ တဲ့ စနစ်တွေကို အသုံးပြုနိုင်မယ့် Dr.Booster နဲ့ Dr.Safety စနစ်တွေ ကိုဖုန်းထဲမှာ တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။
အသေးစိတ်ဖော်ပြချက်
CPU ကတော့ Quad-core 1.3GHz CPU ကိုအသုံးပြု ထားတဲ့အတွက်ဖုန်းရဲ့ လုပ်ဆောင်ချက် ပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှု ရှိနေပြီး ဂရပ်ဖစ်စနစ်အတွက်တော့ GPU ကိုသီးသန့် ထည့်သွင်း အသုံး ပြုထားတာမတွေ့ရပါဘူး။ ဖုန်းမှတ်ဥာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဥာဏ် ထပ်တိုးအသုံးပြုဖို့အတွက် Micro SD Card 32GB ထိ ထပ်တိုးအသုံး ပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 4.4.2 ကိုအသုံးပြုထား တာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက်ကင်မရာဟာ 8 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 2 Mega Pixel ရှိပါတယ်။ Bluetooth 3.0A2DP စနစ်နဲ့ USB 2.0 စနစ်တွေကိုအသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-ion 1900 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင်တော့ ပထမဆုံးအ နေနဲ့ဒီဖုန်းရဲ့ ဈေးနှုန်းဟာ ကျပ် ၁၃၅,၀၀၀ ၀န်းကျင်မှာပဲရှိနေတဲ့အတွက် တန်ဖိုးသင့် ဖုန်းအမျိုးအစားတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဖုန်းဟာဈေးနှုန်း သက်သာတဲ့ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် အသုံးပြုထားတဲ့ CPU ဟာ Quad-core CPU ဖြစ်ပြီး ကင်မရာစနစ်၊ အွန်လိုင်း အသုံးပြုစနစ်တွေမှာ ကောင်းမွန်ပြည့်စုံနေ တာ တွေ့ရတဲ့ အတွက် ဈေးနှုန်းနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင်တော့ သုံးပျော်တယ်လို့ ဆိုရမှာပါ။ ဖုန်းမှာပါဝင်တဲ့ မှတ်ဥာဏ်ဟာ နည်းတဲ့အတွက် မှတ်ဥာဏ်များများ အသုံးပြုလိုရင်တော့ Micro SD Card ကိုထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဘက်ထရီကလည်း တာရှည်အသုံးခံတာ တွေ့ရပါတယ်။