3/17/2015

♪ လုံခြုံရေး အဆင့်မြှင့်တင်ထားသည့် tablet တစ်မျိုးကို Blackberry မိတ်ဆက် ♫


Balckberry မှ ပိုင်ဆိုင်သည့် Secusmart ကုမ္ပဏီသည် Samsung နှင့် IBM တို့နှင့် ပူးပေါင်း၍ ထုတ်လုပ်ထား သော tablet သစ်တစ်မျိုးကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ tablet ကို Samsung hardware များဖြင့် ထုတ်လုပ်ထားပြီး Samsung Galaxy 10.5 ထုတ်ကုန်အဖြစ် ထွက်ရှိလာမည် ဖြစ်ကြောင်း Secusmart ကပြောကြားခဲ့သည်။

Secusmart ၏ tablet သစ်ကို လုပ်ငန်းနှင့် အစိုးရများထံသို့ ရောင်းချသွားရန် အာရုံစိုက်ထားသော်လည်း ထုတ်ကုန်ပေါ်တွင် လူမှုရေးမီဒီယာနှင့် ဗွီဒီယို platform များ ကြည့်ရှုနိုင်ရန် ပြုလုပ်ထားကြောင်း ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည်။ ၎င်း tablet ကို ကန်ဒေါ်လာ ၂,၃၈၀ ဖြင့် ရောင်းချသွားဖွယ်ရှိကြောင်း သတင်း များ ဖော်ပြနေ ကြသည်။

အဆိုပါ Secutablet ကို Balckberry 10 စမတ်ဖုန်းဖြင့် တွဲဖက်အသုံးပြုနိုင်သလို လက်ရှိတွင် ၎င်း tablet သစ်သည် အချက်အလက် လုံခြုံမှုအတွက် ဂျာမန်ဖက်ဒရယ်ရုံးတွင် လုံခြုံရေးအရ စစ်ဆေးမှုများ ခံယူနေသည်။ ထို့အပြင် Tablet အတွင်း အရေးကြီးအချက်အလက်များ သိမ်းဆည်းရန် လုံခြုံရေး အထပ်ထပ်ကာရံထားသည့် IBM ၏ “app wrapping” နည်းပညာကိုလည်း အသုံးပြုထားသည်။

လုံခြုံမှုသည် Balckberry ၏ ထုတ်ကုန်တိုင်းတွင် အခြေခံ၍ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း Secusmart GmbH အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဟန်ခရစ္စတိုကွာရယ်က ပြောဆိုခဲ့သည်။

Secusmart သည်၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဂျာမန်အသံနှင့် အချက်အလက်များကို encrypt ပြုလုပ် ထားသည့် Secutablet ကို ဟန်နိုဗာရှိ CeBit နည်းပညာပြပွဲတွင် စတင်ထုတ်ဖော်ပြသခဲ့သည်။

Ref: BBC

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com