3/17/2015

♪ HTC One E9 စမတ်ဖုန်း၏ ဓာတ်ပုံနှင့် အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာ ♫


တရုတ်(တိုင်ပေ) စမတ်ဖုန်းကုမ္ပဏီ HTC သည် M9 စမတ်ဖုန်းထက် ပိုမိုပါးလွှားပြီး မျက်နှာပြင် အရွယ်အစား ကြီးမားသည့် E9 ကို ထုတ်လုပ်ရောင်းချ သွားဖွယ်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီများကို စီမံခန့်ခွဲသည့် TENAA သည် E9 ဓာတ်ပုံကို ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ကြောင်း Engadget မှဆိုသည်။ ထွက်ရှိလာသည့် အသေးစိတ် အချက်အလက်များအရ HTC E9 စမတ်ဖုန်းသည် အခြား စမတ်ဖုန်းများအတွက် အရေးပါသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်လာဖွယ်ရှိသည်။ E9 ၏ အလျား၊ ပမာဏ၊ ထုထည်မှာ ၁၅၆.၅x ၇၆.၅x ၇.၅၄ မီလီမီတာ (၆.၁x ၃x ၀.၃ လက်မ) ရှိပြီး မျက်နှာပြင် အရွယ်အစားမှာ ၅.၅ လက်မနှင့် ၂,၈၀၀ mAh ပါဝင်လာမည် ဖြစ်ကြောင်း TENAA မှဖော်ပြခဲ့သည်။ ၎င်းအချက်အလက်များတွင် ဖုန်း၏အလေးချိန် မည်မျှရှိကြောင်းကိုမူ မဖော်ပြခဲ့ပေ။

Upleaks ကလည်း E9 တွင် Quad HD ရုပ်ထွက်အရည်အသွေးနှင့် ၅.၅ လက်မ အရွယ်ရှိမျက်နှာပြင် ပါဝင်လာဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် HTC သည် E9 စမတ်ဖုန်း၌ Qualcomm ၏ Snapdragon ချစ်ပ်အစား MediaTek MT6795 2.0 GHz  octacore ပရိုဆက်ဆာကို အသုံးပြုဖွယ်ရှိသည်။
E9 ၏အခြား အသေးစိတ် အချက်အလက်များမှာ M9 ကဲ့သို့ ကျောဘက်ကင်မရာ 20 megapixel, RAM 3GB နှင့် storage32GB တို့ပါဝင်လာမည် ဖြစ်ကြောင်း TENAA ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ HTC E9 သည် မတ်လနှောင်းပိုင်းတွင် ထွက်ရှိလာဖွယ်ရှိကြောင်း Upleaks ၏ဖော်ပြချက်အရ သိရသည်။

Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com