Sony က Xperia Z4 Tablet ကို ကြေညာလိုက်ပြီး ဈေးကွက်ထဲရှိ
အပေါ့ပါးဆုံးနှင့် အပါးလွှာဆုံး ဆယ်လက်မအရွယ် တက်ဘလက်များထဲမှ
တစ်ခုဖြစ်ပါသည်။
၁၀.၁ လက်မအရွယ် 2K Display , Octa-Core 64-bit Processor တပ်ဆင်ထားသော Qualcomm Snapdragon 810 Chipset ထည့်သွင်းတပ်ဆင်ထားပါသည်။ LTE ဆက်သွယ်မှု ကို ထောက်ပံ့ပေး ပြီးရေစိုခံပါသည်။
6000mAh Battery ပါရှိပြီး ၁၇ နာရီကြာ ဗီဒီယိုကြည့်နိုင်ပါသည်။ 32GB Internal Storage ထည့်သွင်း ထားပါသည်။ အနောက်ဘက်တွင် 8MP နှင့် အရှေ့ဘက်တွင် 5.1MP Camera ပါရှိပါသည်။
Sony က Z4 တွင် Surround Sound Audio Effect ပါရှိစေရန် ပြုလုပ်ထားသဖြင့် Multimedia စွမ်းရည် ကိုတိုးမြှင့်ပေးထားပါသည်။ Headphone ကို တပ်ဆင်လိုက်လျှင် တက်ဘလက်က Headphone အမျိုးအစားကို စစ်ဆေးသိရှိပြီး သင့်တော်သည့် Settings ကို အလိုအလျှောက် ချိန်ညှိပေးနိုင်ပါသည်။
ဗီဒီယို ရိုက်ကူးခြင်း ၊ Video Call ပြုလုပ်ခြင်းတို့ ပြုလုပ်လျှင် အသံဆူညံမှုကို ဖယ်ရှားပေးနိုင်ပါသည်။ Sony က Z4 Tablet ကို ရောင်းချမည့် အချိန်နှင့် ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပါ။
Myanmar Digital Life Journal