3/16/2015

♪ စမတ်ဖုန်းများရဲ့ Automatic Photo Upload ကို ထိန်းချုပ်နည်း ♫

၁

စမတ်ဖုန်း ထုတ်လုပ်သူများနဲ့ Cloud Service များဟာ သင့်ဖုန်းမှာ ရိုက်လိုက်တဲ့ ဓါတ်ပုံများကို Cloud ဆီသို့ အလိုအလျှောက် Upload လုပ်စေချင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဓါတ်ပုံအားလုံးကိုတော့ လုံခြုံရေးအရ Cloud မှာ သိမ်းချင်ကြမှာ မဟုတ်ပါဘူး။ Apple နဲ့ Google တို့က သူတို့ရဲ့ ဖုန်းများမှာ ဓါတ်ပုံများကို အလိုအလျှောက် Upload ပြုလုပ်အောင် ပြုလုပ်ထားတာ ဖြစ်ပေမယ့် ဒါကို ပိတ်ပင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

Automatic Photo Upload ကို ပိတ်နည်း
သင့်ဖုန်းမှာ ဓါတ်ပုံများကို အလိုအလျှောက် Cloud မှာ သိမ်းတဲ့ စွမ်းဆောင်ချက်နဲ့ Apps တွေရှိမှာပါ။ ဥပမာ အနေနဲ့ iPhone မှာ နဂိုကတည်းကပါရှိတဲ့ iCloud Photos စွမ်းဆောင်ချက်နဲ့ Android မှာ နဂိုကတည်းက ပါတဲ့ Google Plus တို့အပြင် Dropbox , OneDrive တို့လို App တွေဖြစ်ပါတယ်။
iPhone နဲ့ iPad တို့မှာ iCloud Photo Library ကနေ တစ်ဆင့် ဓါတ်ပုံများကို အလိုအလျှောက် Upload ပြုလုပ်ကြပါတယ်။ iCloud ကို Enable လုပ်ထားရင်တော့ သင်ရိုက်လိုက်တဲ့ ဓါတ်ပုံများကို iCloud Storage ထံသို့ Upload ပြုလုပ်တဲ့ photo library feature ကို enable လုပ်ပြီးသား ဖြစ်နေမှာပါ။
အဲဒီစွမ်းဆောင်ချက်ကို ပိတ်ဖို့ Settings ထဲက iCloud ကဏ္ဍကိုသွားပါ။ Photos ကို တစ်ချက်နှိပ်ပြီး iCloud Photo Library (Beta) နဲ့ My Photo Stream ကို ပိတ်ပါ။

၁

Android Device များမှာတော့ Photos App မှာပါတဲ့ Auto Backup စွမ်းဆောင်ချက်ကနေ ဓါတ်ပုံများကို အလိုအလျှောက် Cloud မှာ သိမ်းဆည်းတာပါ။ အရင်က Picasa Web Albums လို့ ခေါ်တဲ့ Google Plus Photos ကဏ္ဍမှာ သိမ်းဆည်းတာ ဖြစ်ပါတယ်။
အဲဒီစွမ်းဆောင်ချက်ကို ပိတ်ဖို့အတွက် Photos App ကိုဖွင့်ပါ။ Menu Button ကနေတစ်ဆင့် Settings ထဲသွားပါ။ Auto Backup ကိုတစ်ချက်နှိပ်ပြီး အပေါ်ဆုံးမှ On/Off ခလုတ်ကို Off ပြောင်းပေးပါ။

၂

iPhone နဲ့ Android Phone များမှာ နဂိုကတည်းက ပါတဲ့ ဓါတ်ပုံများကို Cloud မှာ သိမ်းဆည်းတဲ့ စွမ်းဆောင်ချက်များအပြင် Apps များကလည်း သင့်ရဲ့ ဓါတ်ပုံများကို အလိုအလျှောက် Cloud မှာ သိမ်းဆည်းကြပါတယ်။ Dropbox, OneDrive , Flickr တို့လို Apps များဖြစ်ပါတယ်။ ဒီလို ဓါတ်ပုံများ အလိုအလျှောက် သိမ်းဆည်းတာကို မနှစ်သက်ရင် App များရဲ့ Settings ထဲသွားပြီး Auto Upload ကို ပိတ်ထားသင့်ပါတယ်။

Cloud မှ ဓါတ်ပုံများကို ဖျက်ခြင်း
သင့်ဓါတ်ပုံများကို အရင်ကတည်းက Cloud မှာ Auto Backup လုပ်ထားရင်တော့ ဖုန်းမှာသာမက Cloud မှာပါ ဓါတ်ပုံများကို ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။
Apple ရဲ့ iCloud အတွက်တော့ iOS Device များမှ Photos App ကနေ ဖျက်နိုင်ပါတယ်။ Mac မှ iPhoto ကနေလည်း ဖျက်ပစ်နိုင်ပါတယ်။ ၀င်းဒိုးမှာတော့ iCloud control panel မှ Photos sync စွမ်းဆောင်ချက်ကနေ ဖျက်နိုင်ပါတယ်။

၃

Android သမားတွေအတွက် Google Plus ကိုသွားပြီး Photos ကဏ္ဍမှာ ဓါတ်ပုံများကို ဖျက်နိုင်ပါတယ်။

၎

Dropbox နဲ့ OneDrive တို့လို ၀န်ဆောင်မှုတွေမှာတော့ သက်ဆိုင်ရာ ဓါတ်ပုံဖိုဒါထဲမှာ ဖျက်နိုင်ပါတယ်။ ဥပမာ အားဖြင့် Dropbox မှာဆိုရင် Camera Upload ဖိုဒါမှာ ဖျက်နိုင်ပါတယ်။ သင့်ကွန်ပြူတာနဲ့ ဖုန်းမှာ Dropbox Client ကို အင်စတောလုပ်ထားရင် အဲဒီကနေ ဖျက်နိုင်ပါတယ်။

၅

စမတ်ဖုန်းများမှာ ပါတဲ့ Auto Photo Upload စွမ်းဆောင်ချက်က သင့်ရဲ့ ဓါတ်ပုံများကို Cloud မှာ ပွားပြီး သိမ်းပေးထားတာဖြစ်လို့ ဖုန်းမှာ ဓါတ်ပုံများ မှားယွင်းဖျက်ဆီးမိရင် Cloud ကနေ ပြန်ယူနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် Private Photo များအတွက်တော့ ဒီစွမ်းဆောင်ချက်က အန္တရာယ်များပါတယ်။ Private Photo များကို Cloud မှာ သိမ်းဆည်းခြင်းကို မနှစ်သက်ရင်တော့ အပေါ်ကနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com