3/16/2015

♪ Lenovo က တက်ဘလက် သုံးလုံးကို ပြသ ♫

5

Lenovo က MWC တွင် Android Tablet နှစ်လုံးနှင့် Windows Tablet တစ်လုံးကို ပြသလိုက်ပါသည်။

Tab 2 A10-70
တက်ဘလက်တွင် ၁၀.၁ လက်မ FHD Display တပ်ဆင်ထားပြီး Lenovo ၏ အဆိုအရ ဆယ်လက်မ တက်ဘလက်များတွင် Surround Sound နည်းပညာပါရှိသော ကမ္ဘာ့ပထမဆုံး Android တက်ဘလက် ဖြစ်ပါသည်။ MediaTek 64-bit quad-core processor မောင်းနှင်မည် ဖြစ်ပြီး ၈.၉ မီလီမီတာ အထူ ရှိပါသည်။ LTE နှင့် WiFi နှစ်မျိုး ထုတ်လုပ်ပေးထားပါသည်။ အနောက်ကင်မရာမှာ 8MP ဖြစ်ပါသည်။ ပုလဲဖြူနှင့် အပြာ အပါအ၀င် အရောင်များ ရွေးချယ်နိုင်ပါသည်။ ဧပြီလတွင် စတင်ရောင်းချပေးမည် ဖြစ်ပြီး WiFi အမျိုးအစားကို ဒေါ်လာ ၁၉၉ နှင့် LTE အမျိုးအစားကို ဒေါ်လာ ၂၇၉ သတ်မှတ်ထားပါသည်။

Tab 2 A8
ဒုတိယ Android Tablet ဖြစ်ပြီး ရှစ်လက်မအရွယ် ဖြစ်ပါသည်။ Lenovo က HD Tablet ဟု ပြောပြီး Android 5.0 Lollipop, 5MP Rear Camera, MediaTek 64-bit quad-core processor, dual SIM, LTE တို့ အပြင် surround sound နည်းပညာပါရှိပါသည်။ 32GB Storage အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။ အရောင်လေးမျိုး ရွေးချယ်နိုင်ပြီး ဇွန်လတွင် ရောင်းချပေးမည် ဖြစ်သည်။ WiFi အမျိုးအစားကို ဒေါ်လာ ၁၂၉ ၊ LTE အမျိုးအစားကို ဒေါ်လာ ၁၇၉ သတ်မှတ်ထားပါသည်။

Ideapad Miix 300
Lenovo က Windows OS ထည့်သွင်းထားသည့် Ideapad Miix 300 ကိုလည်း ပြသလိုက်ပါသည်။ ရှစ်လက်မအရွယ် ဖြစ်ပြီး Windows 8.1 နှင့်အတူ Microsoft Office Apps များထည့်သွင်းပေးထားပါသည်။ IPS WUXGA Screen, Intel Atom Processor တို့ပါရှိပါသည်။ Internal Storage ကို 64GB အထိ ရွေးချယ်နိုင်ပြီး microSD Card Reader ပါရှိပါသည်။ ငွေရောင်တစ်မျိုးသာ ထုတ်လုပ်ပေးထားပြီး ဇူလိုင်လတွင် ဒေါ်လာ ၁၄၉ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com