3/18/2015

♪ Samsung က မျက်နှာပြင်ကွေး ပီစီကို ရောင်းချ ♫

3

ဇန်န၀ါရီလတွင် ပြုလုပ်ခဲ့သော CES ပွဲတွင် ကြေညာခဲ့သည့် Samsung ၏ မျက်နှာပြင်ကွေး ပီစီကို ဒေါ်လာ ၁၂၉၉ ဖြင့် ရောင်းချပေးလိုက်ပြီ ဖြစ်သည်။

မျက်နှာပြင်ကွေး တီဗီနှင့် မော်နီတာများစွာ ဈေးကွက်တွင် ရှိနေသော်လည်း Samsung ၏ ပီစီမှာ ပထမဆုံး မျက်နှာပြင်ကွေး All-in-One Curved PC ဖြစ်ပါသည်။ ပီစိကို စမတ်ဖုန်းနှင့် ချိတ်ဆက်နိုင်ပြီး ပီစီမှ ဖုန်းပြောခြင်း၊ စာပို့ခြင်းများကို ပြုလုပ်နိုင်ပါသည်။

၂၇ လက်မအရွယ် 1080p Curved Display , Core i5 Processor, 8GB RAM , 1TB Storage ပါရှိပြီး Windows 8.1 မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ မျက်နှာပြင်ကို ၁၇၈ ဒီဂရီ လှည့်ပတ်နိုင်ပါသည်။ ပီစီတွင် HD Audio နှင့် Dolby Surround Speaker များလည်း တပ်ဆင်ထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com