3/18/2015

♪ Gionee Elife S7 ကို ကြေညာ ♫

2

Gionee က ပါးလွှာမှုနှင့် ဘက်ထရီ သက်တမ်းကို အဓိက ရည်ရွယ်ထားသည့် Elife S7 စမတ်ဖုန်း ကို ကြေညာလိုက်ပါသည်။ ၅.၅ မီလီမီတာ အထူရှိပြီး Dual-SIM Phone ဖြစ်ပါသည်။ 2750mAh Battery ထည့်သွင်းထားပြီး စွမ်းအင်ချွေတာပေးသည့် စွမ်းဆောင်ချက်များ ပါရှိပါသည်။

၅.၂ လက်မ AMOLED Display တပ်ဆင်ထားပြီး 1080p Resolution ဖြစ်ပါသည်။ Android 5.0 ထည့်သွင်းထားပြီး 1.7GHz Core ရှစ်လုံးပါသည့် MediaTek Chipset ဖြင့်မောင်းနှင်မည် ဖြစ်သည်။ 2GB RAM , 16GB Storage , 13MP Rear Camera, 8MP Selfie Camera တို့ ပါရှိပါသည်။

GSM 2G, 3G, 4G ဆက်သွယ်မှုများကို အထောက်အပံ့ပေးပါသည်။ ယူရို လေးရာ သတ်မှတ်ထားပြီး မတ်လတွင် စတင်ရောင်းချပေးမည် ဖြစ်သည်။ အနက်၊ အဖြူနှင့် အပြာရောင်များ ရွေးချယ်နိုင်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com