3/18/2015

♪ Samsung Galaxy S6 VS iPhone 6 Plus ♫


2015 အတွက် ရေပန်းစားလူကြိုက်များပြီး အကောင်းဆုံးရလဒ်တွေနဲ့ ရပ်တည်နိုင်ဖို့ အဓိကရည်ရွယ် ထားတာဖြစ်လို့ Samsung Galaxy S6 ကို Samsung Galaxy S6 Edge နဲ့အတူ တစ်ချိန်တည်း MWC မှာ ပွဲထုတ်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုသစ်ထွက်ရှိလာတဲ့ S6 မှာ သတ္တုကိုယ်ထည်ကို ပဲ ခန့်ညား ထည်ဝါအောင်ဖွဲ့စည်းပေးထားပါတယ်။ S6 နဲ့ အရွယ်အစားတူတဲ့ 5.1 လက်မ Display နဲ့ပဲ S6 ကို ဆက်လက်ထုတ်လုပ် လိုက်တာဖြစ်ပြီး ရှေ့မျက်နှာပြင်နဲ့ ကျောဘက်နှစ်ခုလုံး အကြမ်းဒဏ်ခံနိုင်စေဖို့ Coming Gorilla Glass 4 က ကာကွယ်ပေးနိုင်ပါတယ်။ Galaxy S6 မှာ TouchWiz UI ကို Android OS 5.0.2 (Lollipop) နဲ့တွဲဖက်သုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။

သိုလှောင်မှုပမာဏအနေနဲ့ 32GB/64GB/128GB ရွေးချယ်နိုင်ပြီး card slot တို့မပါဝင်ပါဘူး။ 16MP rear camera ကို 2K ဗီဒီယိုရိုက်ကူးနိုင်အောင် တပ်ဆင်ပေးထားပြီး Dual Video Call များ ပြုလုပ်နိုင် တဲ့ ရှေ့ဘက်ကင်မရာ 5MP လည်းပါဝင်ပါတယ်။ S6 အတွက် Non-removable Li-Ion 2550mAh ဘက်ထရီနဲ့ iPhone 6 Plus အတွက် Li-Po 2915mAh ဘက်ထရီ သုံးစွဲပေးထားပါတယ်။

* * * Design
Samsung Galaxy S6 ရဲ့ ကိုယ်ထည်ဟာ သတ္တုနဲ့တည်ဆောက်ပေးထားပြီး ရှေ့မျက်နှာပြင် နဲ့ ကျောဘက်ကို ဖန်သားနဲ့ဖုံးအုပ် ဒီဇိုင်းထွင်ပေးထားပါတယ်။ ဖုန်းရဲ့ ဘေးဘောင်တွေကို အနည်းငယ် ခုံးပေးထားပြီး ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေကြောင့် ပိုပြီးလှပပါတယ်။

iPhone 6 Plus ရဲ့ အရွယ်အစားဟာ ပုံမှန်ထက် ကြီးမားတယ်လို့ ဆိုနိုင်ပြီး အလူမီနီယမ်ကိုယ်ထည်ကို ခိုင်ခံအောင်တည်ဆောက်ပေးထားပါတယ်။ 6 Plus ဟာ လေးထောင့်ဆန်တဲ့ ဒီဇိုင်းမျိုးမဟုတ်ဘဲ အစွန်းတွေ ကို ကွေးပေးထားလို့ သူ့ပုံစံနဲ့သူ အချိုးကျပြေပြစ်ပါတယ်။

* * * Processor
S6 မှာ ဖုန်းတစ်လုံးအတွက် မရှိမဖြစ်တဲ့ စွမ်းဆောင်ရည်ကို Octa-Core 1.5 GHz အမြန်နှုန်းနဲ့ Exynos 7420 Processor က မြှင့်တင်ပေးနိုင်ပါတယ်။ အဆင့်မြင့် ဂိမ်းများကို ကစားနိုင်တဲ့ ဂရပ်ဖစ် Mail-T760 နဲ့ 3GB RAwM လည်းပါဝင်ပါတယ်။

iPhone 6 Plus ကိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့အတွက် Apple A8 Chipset အသုံးပြုပေးထားပြီး Dual-Core 1.4 GHz မြန်နှုန်းနဲ့ အလုပ်လုပ်ပေးဦးမှာ ဖြစ်ပါတယ်။ Power VR G X 6450 ဂရပ်ဖစ်ကို သုံးနိုင်အောင် ရည်ရွယ်ပြီး RAM 1GB နဲ့အတူ ထည့်ပေးထားပါတယ်။

* * * Display
Galaxy S6 ဟာ မျှော်မှန်းထားသလို AMOLED capacitive touchscreen အမျိုးအစားပဲဖြစ်ပြီး 5.1 လက်မအရွယ် QHD မျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။ ရုပ်ထွက်ကြည်လင်ပြတ်သားစေအောင် 577 ppi ထိ pixel density ထည့်ပေးထာပါတယ်။
Full HD Display ကို ပထမဆုံး မြင်တွေ့ခံစားနိုင်တဲ့ iPhone ရဲ့ မျိုးဆက်သစ် 6 Plus ဖြစ်ပါတယ်။ 5.5 လက်မအရွယ် အနေအထားနဲ့ မျက်နှာပြင်ခပ်ကြီးကြီး ကြိုက်နှစ်သက်သူများ သဘောကျမှာပါ။ ရုပ်ပုံသိပ်သည်းဆ 401 ppi ထိပါဝင်ပါတယ်။

* * * Verdict
Samsung Galaxy S6 မှာ အရင် ဖုန်းတွေထက်ပိုကောင်းတဲ့ Fingerprint Sensor ကို အဆင့်မြှင့်တင်ပေးထားပြီး ကင်မရာအရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေကြောင့် ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ Samsung ရဲ့ အသစ်စက်စက်ထွက်ရှိထားတဲ့ နောက်ဆုံးပေါ် ဖြစ်တာမို့ အာရုံစူးစိုက်ခံရမှုများလာပါတယ်။

iPhone 6 Plus ဟာ အရည်အသွေးအကောင်းဆုံး Phablet တစ်လုံးဖြစ်ပါတယ်။ Android ဖုန်းမဟုတ်ပေမယ့်လည်း Apple ဟာ Samsung နဲ့ယှဉ်ရင် အရည်အသွေးတစ်စက်ကလေးမှ မနိမ့်ကျပါဘူး။ အရွယ်အစားကြီးကြီးနဲ့ 6 Plus ကို ထုတ်လုပ်ပေးထားတာဖြစ်လို့ ဂိမ်းနဲ့ Media သမားတွေအတွက် အသုံးဝင်ပါတယ်။

Netguide Myanmar Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com