3/18/2015

♪ Lenovo S5000 Tablet ရဲ့ အားသာချက် ၊ အားနည်းချက် ၊ ဒီဇိုင်း နှင့် အသေးစိတ်ဖော်ပြချက်များ♫


အားသာချက်
အရည်အသွေး မြင့်မားသည့် CPU နှင့် Mobile Data Network ကို နေရာမရွေး သယ်ယူအသုံးပြု နိုင် မှာဖြစ်ပါတယ်။ SIM Card က Slot တစ်ခုတည်း ပါဝင်ပေမယ့် GSM, WCDMA နှစ်မျိုးစလုံးကို အသုံးပြုနိုင် အောင်စီစဉ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီပိုင်းမှာ လည်း ကောင်းမွန်တာကို တွေ့မြင်နိုင်မှာဖြစ်ပြီး iPad Mini နှင့် Nexus 7 ထက် အလေးချိန်ပိုမိုပေါ့ပါးတာကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်
ဒီ Tablet မှာ External Stroage ကို ထပ်မံပြီး ထည့်သွင်းခွင့် မပေးတဲ့အတွက်Storage များများစားစား အသုံးပြုချင်သူများအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

သုံးသပ်ချက်
Lenovo S5000 Tablet ဟာ ဈေးနှုန်းမျှတပြီး၊ လုပ်ငန်းလုပ်ဆောင်ရာမှာလား အရည်အသွေး မြင့်တဲ့ Hardware တွေကို ပေးထားတဲ့ ဈေးနှုန်းနဲ့ ညီမျှစေရန်အတွက် အသုံးပြုထားတာ ကို တွေ့မြင်ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် ကင်မရာပိုင်းမှာလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်နိုင်ရန်အတွက် အထောက် အပံ့ ပေးတာ ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Lenovo S5000 ဟာ ဈေးနှုန်းအားဖြင့်လည်း သက်သာသလို၊ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကောင်းမွန်တဲ့အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Screen အရွယ်အစား ကြီးကြီးမားမားတွေကို နှစ်သက်သူတွေ အတွက်တော့ စိတ်ကျေနပ် နိုင်လောက်တဲ့ အရွယ်အစား မရှိပေမယ့်၊ သုံးစွဲရ အဆင်ပြေတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Lenovo S5000 Mediatek MT8125 or MT8389 Chipset ကို အသုံးပြုထား ပြီး Quad Core 1.2 GHz မြန်နှုန်းရှိတဲ့ Processor ကို အသုံးပြုထားပါတယ်။ RAM 1 GB ပါဝင်မှာဖြစ်ပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Stroage ကို ထည့်သွင်းပေးထားပါတယ်။ ဂိမ်းဆော့တဲ့ အခါမှာ ကောင်းမွန်တဲ့ ရုပ်ထွက်ရရှိစေဖို့အတွက် PowerVR SGX544MP2 ဆိုတဲ့ GPU ကို တပ်ဆင်ပေး ထားပါတယ်။ Display Screen အမျိုးအစားကတော့ IPS LCD Capacitive Touch Screen ကို အသုံးပြုပေး ထားပါတယ်။ Screen Resolution ကတော့ 1280 x 800 ရှိမှာဖြစ်ပါတယ်။

Screen အရွယ်အစား ကတော့ ၇ လက်မရှိမှာဖြစ်ပြီး Multitouch ကို အထောက်အပံ့ ပေးထားပါတယ်။ ဒီ Tablet ကို အသုံးပြုထားတဲ့ Android Version ကတော့ 4.2 Jelly Bean Version ကို အသုံးပြုပေးထားပြီး ကင်မရာပိုင်းမှာ Rear Camera ကတော့ 5 MP ရှိမှာဖြစ်ပြီး Front Camera ကတော့ 1.6 MP ပဲရှိမှာ ဖြစ်ပါတယ်။ Media File Format အများအပြားကို အထောက်အပံ့ ပေးနိုင်တာကိုလည်းတွေ့မြင်ရ မှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းကိုလည်း Li-ion 3450 mAh Battery ကိုအသုံးပြုပေးထားတဲ့ အတွက် Multimedia အသုံးပြုတာပဲဖြစ်ဖြစ်၊  တောက်လျှောက်ဖုန်းပြောဆိုနေမှု မှာပဲဖြစ်ဖြစ် အချိန် ၈ နာရီခန့် အသုံးပြုနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဇိုင်း
ပါးလွှာပြီး ထူးခြားတဲ့ ဒီဇိုင်းသွင်ပြင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Lenovo S5000 ဟာ ပါးလွှာပြီး ၂၄၄.၉ ဂရမ်သာ ရှိမှာဖြစ်ပါတယ်။ ဒီအလေးချိန်ဟာ iPad Mini ထက်ပေါ့ပါးပြီး မျက်နှာပြင်ရဲ့ အောက်ခြေမှာလည်း Steel အရောင်ဖြင့် အောက်ခြေဘောင်ကို ကွပ်ပေးထားပါတယ်။

ဆက်သွယ်ဝယ်ယူနိုင်မည့် လိပ်စာ
T-Land IT, Digital &Mobile ဖုန်း - ၃၉၈၃၄၃

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com