3/10/2015

♪ Samsung Galaxy A3 ရဲ့ အားသာချက် ၊ အားနည်းချက် ၊ ဒီဇိုင်း ၊ နည်းပညာ နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
အလူမီနီယံနဲ့ ပလတ်စတစ်ကို တွဲဖက်ဖန်တီးထားတဲ့ ကိုယ်ထည်က ကိုင်တွယ်ရတာ အထူးပဲကောင်းမွန် လှပါတယ်။ ကင်မရာ ပိုင်းမှာတော့ A5 ရဲ့ကင်မရာထက် Mega Pixel နည်းပေမယ့် အသုံးပြုတဲ့ နေရာမှာတော့ ကောင်းမွန် မြန်ဆန်သလို ကြည်လင် ပြတ်သားမှုလည်း ရှိနေပါတယ်။ ဖုန်းရဲ့လုပ်ဆောင်ချက် ပိုင်းကလည်း မြန်ဆန်မှုရှိပြီး ဖုန်းမှတ်ဉာဏ်ပိုင်းနဲ့ Sensor စနစ်ပိုင်းတွေမှာလည်း ကောင်းမွန်ပါတယ်။

အားနည်းချက်
Dual Sim စနစ်မှာ Sim Card တစ်ပေါက်ဟာ Micro SD Card စနစ်နဲ့ တူတူတွဲထားတာ ဖြစ်တဲ့အတွက် Micro SD မှတ်ဉာဏ်စနစ်ကို အသုံးပြုမယ် ဆိုရင်တော့ Sim Card တစ်ကတ်ကိုပဲ အသုံးပြုနိုင် ပါလိမ့်မယ်။ ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့အပြင် အလူမီနီယံဘောင်နဲ့ ပလတ်စတစ် ကိုယ်ထည် တွဲစပ်မှုက အနည်းငယ် ချောမွေ့တဲ့အတွက် လွတ်မကျအောင် ဂရုစိုက်ရ ပါလိမ့်မယ်။

ဒီဇီုင်း
ဘောင်ကို အလူမီနီယံနဲ့ ပြုလုပ်ထားပြီး ဖုန်းကိုယ်ထည် တစ်ခုလုံးဟာလည်း သတ္ထုကိုယ်ထည် ဖွဲ့စည်းမှုပုံစံမျိုး ဖြစ်ပါတယ်။ အလေးချိန်ကလည်း ပေါ့ပါးပါတဲ့အပြင် ဖုန်းကို ကိုင်တွယ်ရတာ ကျစ်လျစ်မာကျောမှု ရှိမှာလည်း ဖြစ်ပါတယ်။ အရွယ်အစား ပိုင်းမှာတော့ ဖုန်းတစ်ခုလုံးရဲ့ အထက်အောက် အမြင့်ဟာ ၁၃.၀၁ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ် ၆.၅၅ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ အထူ ၀.၆၉ စင်တီမီတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားဟာ လက်နဲ့ကိုင်တွယ် အသုံးပြုချိန်မှာတော့ လက်ထဲမှာ အံဝင်ခွင်ကျ ရှိနေပြီး အလေးချိန်ကလည်း ပေါ့ပါးတဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။ နောက်ဘက် ကာဗာဟာ အသေဖြစ်တဲ့အတွက်  ဖြုတ်တပ်လုပ်လို့ ရမှာမဟုတ်ပါဘူး။

ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်နှစ်ခုစလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Sim Card ကတော့ Nano-SIM နှစ်ကတ် အသုံးပြုနိုင်တဲ့ Dual Sim အမျိုးအစား ဖုန်းဖြစ်ပါတယ်။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၄.၅ လက်မရှိပြီး Super AMOLED Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 540 x 960 Pixel ရှိမှာဖြစ်ပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ကင်မရာ ပိုင်းဆိုင်ရာနဲ့ ဓာတ်ပုံပိုင်းဆိုင်ရာ နည်းပညာတွေအပြင် ဘက်ထရီ ပါဝါပိုမိုတာရှည် အသုံးပြုနိုင်တဲ့ နည်းပညာ၊ လုံခြုံရေးဆိုင်ရာ နည်းပညာသစ်တွေ ပါဝင်လာတာ တွေ့ရပါတယ်။ Selfie ရိုက်ကူးခြင်းကို နဂိုနဲ့မတူဘဲ မြင်ကွင်းကျယ် Wide အနေနဲ့​ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်က ဖုန်းကနေ Selfie ရိုက်ကူးတဲ့ အခါမှာ ဖုန်းကို ဘယ်၊ ညာတစ်ဖက် တစ်ချက်စီ  အနည်းငယ် တိမ်းပေးလိုက်ရုံနဲ့ ဖုန်းကနေ နောက်ထပ်နှစ်ချက် အလိုအလျောက် ရိုက်ကူးပြီး ဓာတ်ပုံတွေကို မြင်ကွင်းကျယ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ Selfie ရိုက်တဲ့ အခါမှာလည်း ကင်မရာရှေ့မှာ လက်ဝါးလေးထောင်ပြ လိုက်တာလိုက်နဲ့ ၂ စက္ကန့်အတွင်း ဖုန်းကနေ အလိုအလျောက် ရိုက်ကူးပေးတဲ့ စနစ်ကလည်း ဒီဖုန်းအသုံးပြုသူတွေ ထိတွေ့ရမယ့် နောက်ထပ် နည်းပညာသစ် တစ်ခုဖြစ်ပါတယ်။ Shot & More ဆိုတဲ့ ဒီစနစ်ကလည်း ရိုက်လိုက်တဲ့ ပုံထဲကနေ ကြည်လင် ပြတ်သားမှု အရှိဆုံးဖြစ်မယ့် အပိုင်းတစ်ခုကို စိတ်ကြိုက်ပြန်လည် ရွေးချယ်နိုင်ဖို့အတွက် ကင်မရာကနေ အလိုအလျောက် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ GIF အမျိုးအစား ဓာတ်ပုံတွေကို ရှေ့-နောက် ကင်မရာ နှစ်ခုစလုံးကနေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာစနစ်နဲ့ တွဲဖက်ပြီး Downlaod လို့ခေါ်တဲ့ စနစ်တစ်ခု အပိုပါဝင် လာပါသေးတယ်။ ဒီစနစ်က ဓာတ်ပုံပြင်တဲ့ ဆော့ဖ်ဝဲကို ဖုန်းထဲကို Samsung ရဲ့ သဘောတူညီမှုနဲ့ Download လုပ်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်း၊ အသံ Record နဲ့ ဖုန်းမှတ်ဉာဏ်ထဲက အချက်အလက်တွေကို Private Mode စနစ်နဲ့ သူများအလွယ်တကူ ကြည့်ရှုလို့မရအောင် ကာကွယ် ထားနိုင်မှာလည်း ဖြစ်ပါတယ်။ Quick Conect နဲ့ S Finder ဆိုတဲ့ စနစ်တွေလည်း ဖုန်းသုံးစွဲမှု အတွေ့အကြုံ သစ်တွေရရှိ စေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
CPU ကတော့ Quad-core 1.2 GHz Cortex-A53 CPU ကိုအသုံးပြုထားပြီး ဂရပ်ဖစ်စနစ် အတွက်တော့ Adreno 306 GPU ကို ထည့်သွင်း အသုံးပြုထားတာပါ။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 16GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုဖို့ အတွက် Micro SD Card 64GB ထိတိုးမြှင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ OS ကတော့ Android OS Version 4.4.4 (KitKat) ကို အသုံးပြုထားတာဖြစ်ပြီး ကင်မရာ ပိုင်းမှာတော့ နောက်ဘက်ကင်မရာဟာ 8 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 5 Mega Pixel ရှိပါတယ်။ Wi-Fi 802.11 a/b/g/n (Dual-band) စနစ်၊ Bluetooth 4.0A2DP စနစ်နဲ့ microUSB 2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-ion 1900 mAh ဘက်ထရီကို အသုံးပြုထားတာပါတယ်။

သုံးသပ်ချက်
Samsung Galaxy A3 ဟာ စိတ်ကျေနပ်စရာ ကောင်းတဲ့ အလယ်အလတ်တန်း ဖုန်းအမျိုးအစား တစ်ခုလို့ ဆိုနိုင်ပြီး သူ့အရင်ထွက်ခဲ့တဲ့ High-end အမျိုးအစား Galaxy Alpha နဲ့ Galaxy Note 4 နှစ်မျိုးကို ပေါင်းစပ် ဖန်တီးထားတဲ့ ပုံစံမျိုးပါ။ သတ္တုကိုယ်ထည်၊ ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းအပြင် အသုံးပြုထားတဲ့တခြား Hardware၊ Software နဲ့ ကင်မရာ စနစ်တွေဟာ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ အလယ်အလတ် ဖုန်းအမျိုးအစားထဲမှာ သုံးပျော်တယ်လို့ ဆိုရမှာပါ။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download