iOS နှင့် Android သုံးစွဲသူများအတွက် Cortana mobile assistant ဗားရှင်းတစ်မျိုးကို ဖန်တီးနေကြောင်း Microsoft မှ ပြောကြားခဲ့သည်။
လက်ရှိတွင် Windows ဖုန်းများတွင်သာ အသုံးပြုနိုင်သည့် Cortana desktop ဗားရှင်းကို ယခုနှစ်ကုန်ပိုင်း တွင် ဖြန့်ချိမည့် Windows 10 တွင် တွေ့မြင်ရမည် ဖြစ်သည်။
ထို့နောက်တွင် Microsoft သည် Apple နှင့် Android စမတ်ဖုန်း၊ tablet များတွင် အသုံးပြုနိုင်မည့် standalone Cortana app တစ်မျိုးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း Reuters မှ ဖော်ပြခဲ့သည်။
Cortana ၏ cross-platform ဗားရှင်းသည် iOS ၏ Siri ကဲ့သို့ပင် သုံးစွဲသူများ၏ တောင်းဆိုမှုများကို တုံ့ပြန်ပေးရုံသာမက သုံးစွဲသူ၏ လိုအပ်ချက်များအတွက်ပါ ပြင်ဆင်ပေးမည် ဖြစ်သည်။ ဥပမာအနေဖြင့် Cortana သည် သွားရောက်မည့် ခရီးစဉ်တစ်ခုအတွက် အီးမေးလ်တစ်စောင်ကို ဖတ်ပေးရုံသာမက ခရီးသွားမည့်နေ့တွင် လေဆိပ်သို့ သွားရောက်မည့် အချိန်ကို သတိပေးမှု ပြုလုပ်မည် ဖြစ်သည်။
အဆိုပါ အပြောင်းအလဲသည် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် နာဒယ်လာ၏ Microsoft ရောင်းအား မြှင့်တင်မှုအတွက် Windows အပြင် အခြား platform နှင့် ထုတ်ကုန်များအတွက် software ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီးနောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
Microsoft သည် Outlook အီးမေးလ်ဝန်ဆောင်မှုနှင့် Office suite တို့ကို iOS နှင့် Android သုံးစွဲသူများထံ ရောင်းချခဲ့သည်။
Ref: PCMag