3/17/2015

♪ Facebook က နို့သီးခေါင်း ပေါ်တဲ့ ရင်သား ဓါတ်ပုံများကို ပိတ်ပင်မည် ♫

Scout-Willis-1

Facebook က သူ့ရဲ့ Community Standards Page ကို အမြဲ Update လုပ်နေပါတယ်။ အဲဒီ စာမျက်နှာ မှာ Facebook လူမှုကွန်ရက်မှာ Share လုပ်နိုင်တဲ့ အရာတွေ၊ Share လုပ်ခွင့်မရှိတဲ့ အရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ရှင်းပြထားပါတယ်။

အခုတစ်ခါမှာလည်း အဖော်အချွတ်ဓါတ်ပုံများနဲ့ ပတ်သက်ပြီး သူ့ရဲ့ မူဝါဒ အသစ်တွေကို ကြေညာလိုက် ပါတယ်။ အဲဒီ မူဝါဒ အသစ်အရ Facebook က ပိတ်ပင်မယ့် အရာတွေကတော့ လိင်အင်္ဂါ များ၊ နို့သီးခေါင်းပေါ်နေတဲ့ မိန်းမရင်သားများနဲ့ အပြည့်အစုံပေါ်နေတဲ့ တင်သားများ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလေးနို့တိုက်နေတဲ့ ဓါတ်ပုံများနဲ့ ခွဲစိတ်ထားတဲ့ ရင်သားများလို ကျန်းမာရေး ဗဟုသုတ အတွက် ပြသထားတဲ့ ဓါတ်ပုံများကိုတော့ ခွင့်ပြုမှာပါ။ မူဝါဒအသစ်တွေထဲမှာ အမုန်းစကားများ ပြော ကြားခြင်းများ ၊ အရှက်တကွဲ ဖြစ်စေခြင်းများ၊ အကြမ်းဖက်မှုများနဲ့ ပတ်သက်တာတွေလည်း ပါရှိပါတယ်။

အသေးစိတ်ကို Community Standard Page မှာ လေ့လာနိုင်ပါတယ်။

https://www.facebook.com/communitystandards

မကြာမီကလည်း Instagram မှာ နို့သီးခေါင်း ပေါ်တဲ့ ဓါတ်ပုံများကို ပိတ်ပင်ခဲ့တဲ့အတွက် မင်းသားကြီး ဘရုစ်ဝီလီရဲ့ သမီးက လမ်းမပေါ်မှာ အပေါ်ပိုင်း ကိုယ်တုံးလုံးချွတ်ပြီး သွားလာခြင်းဖြင့် ဆန့်ကျင် ဆန္ဒပြခဲ့ ပါသေးတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com