3/03/2015

♪ Laptop ၏ သိုလှောင်မှုပမာဏထက် ပိုမိုသည့် 200GB microSD card သစ်ကို SanDisk မိတ်ဆက် ♫


လွန်ခဲ့သည့် တစ်နှစ်ခန့်က 128GB microSD card ကို ပထမဦးဆုံး မိတ်ဆက်ပေးခဲ့သည့် SanDisk သည် ယခုနှစ်တွင် ကျင်းပသည့် Mobile World Congress ပြပွဲ၌ 200GB microSD card သစ်ကို ထပ်မံ မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ 200GB microSD card သည် solid state drive များ အသုံးပြုထားသော ယနေ့ခေတ် laptop များတွင် ပါဝင်သည့် memory ပမာဏထက် များပြားပြီး မည်သည့် Android ထုတ်ကုန်ကိုမဆို သီချင်းနှင့် ဓာတ်ပုံများ သိမ်းဆည်းရာ portable hard drive တစ်ခုအနေဖြင့် ပြောင်းလဲအသုံးပြုနိုင်မည် ဖြစ်သည်။

SanDisk ၏ microSD card သစ်သည် အချက်အလက် လွှဲပြောင်းနှုန်း 90MB/s ထောက်ပံ့ပေးနိုင်သည်။ လက်ရှိတွင် ၎င်း microSD card သစ်ကို အသုံးပြုနိုင်သည့် Android ထုတ်ကုန်များရှိသော်လည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၀ ကျသင့်မည် ဖြစ်သောကြောင့် လူတိုင်းက upgrade ပြုလုပ်ရန် ဆန္ဒရှိမည် မဟုတ်ပေ။

Ref: TheVerge

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com