3/03/2015

♪ အိန္ဒိယနိုင်ငံထုတ် Intex တံဆိပ် စမတ်ဖုန်များ ဈေးကွက်ဝင် ♫


အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် Intex အမှတ်တံဆိပ် စမတ်ဖုန်းများကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ အဆိုပါ Intex တံဆိပ်စမတ်ဖုန်းများကို Aqua Star II၊ Aqua Power၊ Aqua Xtreme နှင့် AquaQ3 မော်ဒယ်လေးမျိုးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး တရားဝင်အာမခံ ၁ နှစ်ပါဝင် မည် ဖြစ်ကြောင်းသိရသည်။

Intex စမတ်ဖုန်းများတွင် ကြာရှည်အသုံးနိုင်မည့် ဘက်ထရီသုံး စမတ်ဖုန်း၊ ပါးလွှာသည့် ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် စမတ်ဖုန်း၊ Octa-core processor ထည့်သွင်းထားသည့် စမတ်ဖုန်းများဟူ၍ အမျိုးအစား များခွဲခြားထားပြီး နည်းပညာပိုင်းအနေဖြင့် ဓာတ်ပုံကို အသံဖြင့် ခိုင်းစေရိုက်ကူး နိုင်သည့်စနစ်၊  Gesture Play စနစ်၊ ဖုန်းဘက်ထရီကို အသုံးပြု၍ တခြားဖုန်းများကို အားပြန်သွင်းပေးနိုင်သည့် စနစ်များ ထောက်ပံ့ပါဝင်ကြောင်းသိရသည်။

၎င်းစမတ်ဖုန်း များသည် GSM နှစ်ကတ်သုံးအမျိုး အစားဖုန်းများ ဖြစ်သည်။ ဖုန်း အမျိုးအစားအလိုက် ဆက်စပ်ပစ္စည်းများ တွဲဖက်ပါဝင်မည်ဖြစ်ပြီး တန်ဖိုးမှာ အနိမ့်ဆုံးကျပ် ၉ဝ,ဝဝဝ ကျော် ဝန်းကျင်မှ အမြင့်ဆုံး ကျပ် ၂ဝဝ,ဝဝဝ ကျော် ဝန်းကျင်ထိရှိ မည်ဖြစ်သည်။

Index မိုဘိုင်းဖုန်းသည် အိန္ဒိယနိုင်ငံ၌ နှစ်စဉ် နှစ်သန်းခွဲကျော်ခန့် ရောင်းချနေရကြောင်း သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com