ဖုန်း
Screen ပိတ်ရင်းဖြင့် ဓာတ်ပုံရိုက်နိုင်သော Flash Shot နည်းပညာပါဝင်သည့်
OPPO Mirror 3 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်သည်။
အဆိုပါ OPPO Mirror 3 စမတ်ဖုန်းသည် GSM 2G/3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး SIM ကတ် နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်သော Dual SIM အမျိုးအစားဖြစ်သည်။ မြင်ကွင်း အရွယ်အစား ၄.၇ လက်မရှိပြီး ဖုန်းအနောက်ကာဗာကို Polka-dot textured Design ဖြင့် ပုံဖော်ထားသောကြောင့် အမြင်ဆန်းသစ်မှုကို ခံစားတွေ့မြင်နိုင်မည်ဖြစ်သည်။
အမြန်နှုန်း 1.2 GHz ရှိသည့် Quad-core CPU ကို ထည့်သွင်းထားပြီး 1 GB RAM နှင့် သိုလှောင်မှုအတွက် 8 GB ပါဝင်သည့်အပြင် MicroSD မှ 128 GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မည်ဖြစ်သည်။ 8 Megapixel နောက်ဘက်ကင်မရာနှင့် 5 Megapixel ရှေ့ကင်မရာများ တပ်ဆင်ထားပြီး Selfie ဓာတ်ပုံနှင့် ဓာတ်ပုံများတွင် ကင်မရာ effect များ ထည့်သွင်းနိုင်မည့် Beautify 3.0 Mode ထောက်ပံ့ပါဝင်ကြောင်း သိရသည်။
Android OS 4.4.4 (KitKat) ကို အသုံးပြုထားပြီး ဘက်ထရီမှာ 2,000 mAh ကို ထည့်သွင်းထားကြောင်း သိရသည်။ OPPO ၏ မျိုးဆက်သစ် နည်းပညာများဖြစ်သည့် TV, Air Conditioner တွေကို အဖွင့်အပိတ် ပြုလုပ်နိုင်သော Smart Remote Technology 2.0+ နည်းပညာ၊ ပုံမှန်ထက် ၆၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်သည့် အားသွင်းနည်းပညာများ ထောက်ပံ့ပါဝင်သည်။
၎င်း OPPO Mirror 3 စမတ်ဖုန်းကို ခဲ၊ အဖြူ အရောင်နှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး တန်ဖိုး ၂၄၉,ဝဝဝ ကျပ်ဝန်းကျင်ဖြင့် UNiQUE IT & Mobile Centre တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။