3/17/2015

♪ Microsoft က Lumia 640 နှင့် Lumia 640 XL တို့ကို ပြသ ♫

2

Microsoft က Lumia 640 နှင့် Lumia 640 XL တို့ကို ပြသလိုက်ပါသည်။

Lumia 640
Lumia 640 တွင် ငါးလက်မ 720p IPS Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၉၄ ဖြစ်ပါသည်။ မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။

1.2GHz Quad-Core CPU တပ်ဆင်ထားသော Snapdragon 400 Chipset , 1GB RAM, 8GB Storage ပါရှိပြီး 128GB ၀င်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။

အနောက်ဘက်တွင် 8MP နှင့် အရှေ့ဘက်တွင် 1MP Camera ပါရှိပါသည်။ အနောက်ဘက် ကင်မရာသည် 1080p Video များကို ရိုက်ကူးနိုင်ပြီး အရှေ့ဘက် ကင်မရာသည် 720p Video များကို ရိုက်ကူးနိုင်ပါသည်။

Single SIM နှင့် Dual SIM အမျိုးအစားများ ထုတ်လုပ်ပေးထားပြီး 3G နှင့် LTE ကိုရွေးချယ်နိုင်ပါသည်။ 2500mAh Battery ပါရှိပြီး မရမ်း၊ အ၀ါ၊ အနက်၊ အဖြူတို့အပါအ၀င် အရောင်မျိုးစုံဖြင့် ဧပြီလတွင် ရောင်းချမည် ဖြစ်သည်။ 3G Version ကို ယူရို ၁၄၀ သတ်မှတ်ထားပြီး LTE Version ကို ယူရို ၁၆၀ သတ်မှတ်ထားပါသည်။

Lumia 640 XL
၅.၇ လက်မ 720p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၅၉ ဖြစ်ပါသည်။ မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။

အနောက်ဘက်တွင် 13MP နှင့် အရှေ့ဘက်တွင် 5MP Camera ပါရှိပါသည်။ ကင်မရာနှစ်လုံးစလုံးသည် 1080p Video များကို ရိုက်ကူးနိုင်ပါသည်။

Quad-Core 1.2GHz Processor ပါရှိသော Snapdragon 400 Chipset ထည့်သွင်းထားပါသည်။ 1GB RAM , 8GB Storage ပါရှိပြီး 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။

3G Version ကို ယူရို ၁၉၀ နှင့် 4G Version ကို ယူရို ၂၂၀ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ Dual-SIM Verison ကိုလည်း ရွေးချယ်နိုင်မည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com