3/06/2015

♪ Sony Xperia Z4 Tablet ဓာတ်ပုံများ ထွက်ပေါ်လာ ♫


Sony သည် ၎င်း၏ Xperia Z4 Tablet သစ်ကို Mobile World Congress 2015 ပြပွဲ၌ တရားဝင် ထုတ်ဖော်မပြသမီ ထုတ်ကုန်၏ သတင်းအချက် အလက်များသည် Xperia Lounge app မှထွက်ပေါ် လာခဲ့သည်။

Sony ၏ Xperia Z4 Tablet ဓာတ်ပုံသည် Lounge app တွင် ခေတ္တခဏသာ ထွက်ပေါ်လာပြီးနောက် ပျောက်ပျက်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းဓာတ်ပုံသည် Sony မှတိုက်ရိုက် ထွက်ပေါ်လာသောကြောင့် စိတ်ချရသည့် သတင်းရင်းမြစ်အဖြစ် ယူဆရဖွယ်ရှိသည်။ Sony ၏ Lounge app မှ ထွက်ရှိလာသော အသေးစိတ် အချက်အလက်များအရ Sony Xperia Z4 Tablet တွင် ပိုမိုစွမ်းဆောင်ရည် မြန်ဆန်လာသည့် ပရိုဆက်ဆာနှင့် သက်တမ်းကြာရှည်ခံသည့် ဘက်ထရီ သက်တမ်း အပြင် 2K display လည်း ပါဝင်လာဖွယ်ရှိသည်။

ဓာတ်ပုံတွင် ဖော်ပြထားချက်အရ Xperia Z4 Tablet ၏မျက်နှာပြင် အရွယ်အစားမှာ ၁၀ လက်မခန့် ရှိမည်ဖြစ်သည်။ Xperia Z4 Tablet တွင် QuadHD မျက်နှာပြင်၊ RAM 3GB နှင့် 64-bit ပရိုဆက်ဆာအပြင် Android 5.0 Lollipop တို့ဖြင့် ပွဲထွက်လာဖွယ်ရှိသည်။

ထို့အပြင် Sony သည် Xperia Z4 စမတ်ဖုန်းကိုလည်း Mobile World Congress 2015 ပြပွဲတွင် ထုတ်ဖော်ပြသ သွားဖွယ်ရှိကြောင်း သိရသည်။ 

Ref: SlashGear

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com