3/16/2015

♪ ငွေကြေးအများအပြား မသုံးစွဲချင် သူများအတွက် ဈေးနှုန်းသင့်တင့်တဲ့ - Toshiba Excite Go Tablet ♫


အားသာချက်
ငွေကြေးအများအပြား မသုံးစွဲချင် သူများအတွက် ဈေးနှုန်းသင့်တင့်တဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။

အားနည်းချက်
ဘက်ထရီ အသုံးပြုချိန် သက်တမ်းအကြာကြီး အသုံးပြုလို့ မရသလို၊ SIM Card ထည့်သွင်းဖို့ အတွက်လည်း SIM Card Slot ပါဝင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကင်မရာကိုလည်း Primay Camera တစ်ခုထဲသာ သုံးစွဲထားပါတယ်။

သုံးသပ်ချက်
ဈေးနှုန်းချွေတာတဲ့ Budget Tablet တစ်ခု ဖြစ်ပြီး၊ သာမန် လုပ်ငန်းသုံးစွဲဖို့ အတွက်လောက်ပဲ သင့်တော်တဲ့ Tablet တစ်ခုဖြစ်ပါတယ်။ ပေးရတဲ့ တန်ဖိုးနဲ့ ညီမျှတဲ့ လုပ်ဆောင်နိုင် စွမ်းအားတွေနဲ့ Toshiba Excite Go ဟာ မြင်ကွင်း အရွယ်အစား ၇ လက်မခန့် ရှိတာကြောင့် မြင်ကွင်းကျယ်ကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက်တော့ အဆင်ပြေစေမယ့် Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Toshiba Excite Go ဟာ Intel Atom Z3735G Chipset ကိုအသုံးပြုထားပြီး၊ Quad Core 1.33GHz မြန်နှုန်းရှိတဲ့ Processor ကိုအသုံးပြု ပေးထားပါတယ်။ RAM ကို 1GB ပမာဏရှိတဲ့ RAM ကိုအသုံးပြုထားပြီး၊ Stroageကတော့ 8GB ပမာဏ ရှိမှာဖြစ်ပါတယ်။ External Stroageအနေနဲ့ Micor SD Card ကို 128GB အထိထပ်မံ ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ Tablet ရဲ့မြင်ကွင်း အရွယ်အစားကတော့ ၇ လက်မခန့် ရှိမှာဖြစ်ပြီး၊ Screen Resolution ကတော့ 600 x 1024 Pixels ရှိမှာဖြစ်ပါတယ်။ ကင်မရာမှာ Front Camera တစ်ခုထဲကိုသာ သုံးစွဲထားပြီး၊ 0.3 MP ရှိမှာဖြစ်ပါတယ်။ ဒီ Tablet မှာအသုံးပြုထားတဲ့ OS ကတော့ Android 4.4 Kitkat Version ဖြစ်ပါတယ်။ Capacitive Touchscreen ကိုအသုံးပြုထားပြီး Media File Format အများအပြားကို အထောက်အပံ့ပေး နိုင်တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Photo, Video Editor တွေပါဝင်မှာဖြစ်ပြီး၊ လုပ်ငန်တွေ လုပ်ဆောင်နိုင်ဖို့အတွက် Document Editor လည်းထည့်သွင်း ပေးထားပါတယ်။


ဒီဇိုင်း
Toshiba Excite Go ဟာလှပတဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းထားပြီး၊ Battery ကိုလည်း Non-removable Battery ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ပါးလွှာတဲ့ ဒီဇိုင်းကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ ပုံစံအမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။
ဈေးနှုန်း - ကန်ဒေါ်လာ ၈၅.၆၉

Ref : CNET
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com