Alcatel က Firefox နှင့် ပူးပေါင်း၍ တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ် လိုက်ပါသည်။
Alcatel Orange Klif တွင် ၃.၅ လက်မ 320×480 pixel resolution display တပ်ဆင်ထားပါသည်။ 1.0GHz Dual-Core Processor တပ်ဆင်ထားသော MediaTek Chipset မောင်းနှင်မည် ဖြစ်သည်။ 256MB RAM, 512MB Storage နှင့် အတူ microSD Card ကို အသုံးပြုနိုင်ပါသည်။
အနောက်ဘက်တွင် 2MP Camera နှင့် LED Flash တပ်ဆင်ထားပါသည်။ 1300mAh Battery ပါရှိပြီး GPS နှင့် FM Radio တို့ကို အသုံးပြုနိုင်ပါသည်။ 3G ဆက်သွယ်မှုကို အသုံးပြုနိုင်ပြီး Dual-SIM အမျိုးအစားဖြစ်ပါသည်။ Firefox OS မောင်းနှင်လည်ပတ်မည် ဖြစ်သည်။
Myanmar Digital Life Journal