3/10/2015

♪ Account အတုများအား ပိုမို၍ခြေရာ ခံနိုင်မည့် နည်းလမ်းကို Facebook စီစဉ်နေ ♫


Facebook သည် account အတုများကို ခြေရာခံရာတွင် ထိရောက်မှုရှိသည့် အစီအစဉ် တစ်ရပ်ကို ပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။

Facebook အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် account အတုများစွာ ပေါ်ပေါက်နေခြင်းသည် ပြဿနာ တစ်ရပ် အဖြစ် ကြီးထွားလာသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အမျိုးသားများက အမျိုးသမီးယောင် ဆောင် ထားသော profile များကို ဖန်တီးလျက်ရှိကာ Facebook ၏စည်းမျဉ်းကို ချိုးဖောက်နေကြသည်။ ထိုအကြောင်းများကြောင့် အမျိုးသမီးအချို့သည် Facebook profile များဖန်တီးရန် ထိတ်လန့်နေကြသည်။ အမျိုးသားများစွာက အမျိုးသမီးများထက် အင်တာနက် ပိုမိုအသုံးပြု နေကြသည့် အိန္ဒိယနိုင်ငံတွင်း ရှိ ပြသာနာသည် ကမ္ဘာတစ်ဝန်းရှိ အခြားဒေသများနှင့် နှိုင်းယှဉ်ပါက ပြဿနာ၏ အစိတ်အပိုင်း တစ်ခု သာဖြစ်ကြောင်း Facebook အမှုဆောင် အရာရှိချုပ် မတ်ဇူကာဘတ်က ပြောကြားခဲ့သည်။ ယခုကိစ္စသည် အလွန်အလေးအနက် ထားရမည့် ပြဿနာဖြစ်ကြောင်း ဇူကာဘတ်က ပြောဆိုခဲ့သည်။

Facebook ၏ဝန်ဆောင်မှု အသုံးပြုရာတွင် လိုက်နာရမည့် စည်းမျဉ်းများတွင် သုံးစွဲသူများ အနေဖြင့် အခြားသူများထံမှ ခွင့်ပြုချက် မရရှိပါက account ပြုလုပ်နိုင်ခြင်း မရှိကြောင်း တားမြစ်ထားသည်။ ထို့အပြင် သုံးစွဲသူများသည် တစ်ကိုယ်ရေ account တစ်ခုထက်ပို၍ ဖန်တီးမှုမပြုလုပ်ရန် ထုတ်ပြန်ထားသည်။ အိန္ဒိယနိုင်ငံမှ သုံးစွဲသူတစ်ဦးက Facebook တွင်အမျိုးသမီး account အတု ၅၀ ကျော်ခန့် တွေ့ရှိ ခဲ့ကြောင်း ပြောကြားထားသည်။ Facebook အနေဖြင့် account အတုများ ရှာဖွေမည့် လုပ်ငန်းစဉ်အား မည်သို့တိုးတက်အောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းကို ဇူကာဘတ်က အသေးစိတ် မပြောကြား ခဲ့ပေ။

ပြီးခဲ့သည့်နှစ်က Facebook လစဉ်သုံးစွဲသူ တစ်ဘီလီယံခန့်သည် page ပုံစံ account များအသုံးပြုရန် တစ်ကိုယ်ရေ account များ ဖန်တီးထားကြသလို profile များလည်း ပြုလုပ်ထားကြကြောင်း ကုမ္ပဏီ၏ လစဉ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။  ထိုအစီရင်ခံစာအရ Facebook ပေါ်တွင် account အတု သန်းပေါင်းများစွာ ရှိနေကြောင်း သိရသည်။ အဆိုပါ ခန့်မှန်းတွက်ချက် မှုများသည် Facebook account အနည်းငယ်ကိုသာ အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှုရှိနိုင်ကြောင်း Facebook မှဖော်ပြထားသည်။

Ref: PCMag

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com