1/14/2015

♪ hTC Desire 816G ရဲ့ အားနည်းချက် ၊ အားသာချက် ၊ နည်းပညာ နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေ ကောင်းမွန်ပါ တယ်။ CPU စနစ်မှာဆိုရင် ပထမရှေ့က ထွက်ခဲ့တဲ့ Desire 816 ထက်ပိုပြီး ကောင်းမွန်လာတာကို မြင်တွေ့နိုင်ပါတယ်။ ကင်မရာပိုင်းမှာ လည်းနောက်ဘက် ကင်မရာရော ရှေ့ကင်မရာ နှစ်ခုစလုံးဟာ ကောင်းမွန်ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ OS ရဲ့ UI ဟာလည်း ပထမထွက်ခဲ့တဲ့ 816 နဲ့ကွဲပြားခြားနားမှုရှိနေပါတယ်။ Boom Sound စနစ်ပါဝင်ပြီး အသံစနစ်ပိုင်းလည်း ကောင်းမွန်ပါတယ်။

အားနည်းချက်
ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ဟာ နည်းပါတယ်။ ဒါကြောင့် မှတ်ဉာဏ်များများ အသုံးပြုလိုသူတွေ အတွက်တော့ Micro SD Card ကိုမဖြစ်မနေ အသုံးပြုရ ပါလိမ့်မယ်။

ဒီဇီုင်း
HTC ကနေပြီး ထုတ်လုပ်ထားတဲ့ ဈေးနှုန်းသင့်တင့်တဲ့ နည်းပညာမြင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အရွယ်အစားက ကြီးမားနေပြီးတော့ ဖုန်းရဲ့ဖွဲ့စည်းပုံ ဒီဇိုင်းကလည်း ထောင့်ကျကျ ပုံစံမျိုး ဖြစ်တဲ့ အတွက် ယောက်ျားလေးတွေ နှစ်သက်တဲ့ ပုံစံမျိုးလို့ ဆိုရမှာပါ။ ဖုန်းရဲ့အရွယ်အစားဟာ ဘေးတိုက် အကျယ် ၇.၈၇ စင်တီမီတာ ရှိတဲ့အတွက် Samsung ရဲ့ Galaxy Note3 ဖုန်းနဲ့ ဘေးအကျယ်ချင်း သိပ်မကွာလှပါဘူး။ လက်နဲ့ကိုင်ဖို့ အတွက်ဆိုရင်တော့ လက်ချောင်းတွေနဲ့ မိနိုင်တဲ့ အရွယ်အစားဖြစ်ပေ မယ့် လက်ချောင်း သေးရင်တော့ အလွယ်တကူ ထိန်းကျောင်းကိုင်တွယ်ဖို့ အခက်အခဲ ရှိနိုင်ပါလိမ့်မယ်။

အထက်အောက် အမြင့်ကတော့ ၁၅.၆၆ စင်တီမီတာရှိပြီး Screen မြင်ကွင်းပိုင်းမှာတော့ ၅.၅ လက်မ ရှိပါတယ်။ ဖုန်းဟာ ဘေးဘောင်နဲ့ အပေါ်အောက် ဘောင်တွေ ပါဝင်နေတဲ့အတွက် ကြီးမားနေပေမယ့် ဖုန်းရဲ့အပေါ်ထိပ်ဘက်နဲ့ အောက်ဘက် ဘောင်နှစ်ခုစလုံးမှာ စပီကာတွေကို တပ်ဆင်ပေးထားတဲ့ ပုံစံမျိုးပါ။ ဖုန်းရဲ့အထူကတော့ ၀.၈ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးလွှာမှုအဆင့်ကတော့ ကောင်းမွန်ပါတယ်။ အရွယ်အစား ကြီးမားပေမယ့် ပါးတဲ့အတွက်တော့ ကိုင်လို့ကောင်းပါတယ်။ ဖုန်းမှာပါဝင်တဲ့ ခလုတ်တွေရဲ့ ဖွဲ့စည်းပုံကတော့ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် Volume Key တွေဟာဖုန်းရဲ့ ဘယ်ဘက်ဘောင်မှာ ရှိနေပြီး Sim Card Slot နဲ့ Micro SD ပေါက်တွေဟာ ဖုန်းရဲ့ညာဘက်ဘောင်မှာ အတန်းလိုက် ရှိနေပါတယ်။ နောက်ဘက်ကာဗာ အသေပုံစံမျိုးဖြစ်ပြီး Sim Card ကတော့ Dual Sim စနစ်ပါ။ Nano Sim စနစ်ဖြစ်ပြီး ပထမထွက်ခဲ့တဲ့ Desire 816 လိုမျိုး CDMA 800MHz နဲ့ GSM Dual ပုံစံမျိုးမဟုတ်ပဲ GSM/WCDMA စနစ်နှစ်ကတ်သုံး ပုံစံမျိုးဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ဘက် ကာဗာကတော့ ပလတ်စတစ် ကာဗာပုံစံမျိုးဖြစ်ပြီး အရောင်အနေနဲ့တော့ ၃ ရောင်ရရှိနိုင်မယ်လို့ ဆိုပါတယ်။


နည်းပညာ
နည်းပညာပိုင်း အရဆိုရင်တော့ ဒီဖုန်းဟာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ စမတ်ဖုန်း တစ်လုံးကို အသုံးပြုနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖုန်းတွင်းအသုံးပြု Hardware စနစ်ပိုင်းတွေနဲ့ OS စနစ်တွေမှာ မြင့်မြင့်မားမား အသုံးပြု ပေးထားတာ တွေ့ရပါတယ်။ ဖုန်းတွင်းစနစ် တွေထဲမှာတော့ Get contact from another phone ဆိုတဲ့စနစ်ကတော့ အနည်းငယ် ထူးခြားပါတယ်။ ဒီစနစ်ဟာ contact, message, ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်း အစရှိတဲ့ ဖိုင်တွေကို ဖုန်းတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ပြီး အလွယ်တကူ ပို့ဆောင်နိုင်ဖို့ အတွက် အသုံးပြုထားတဲ့ စနစ်ဖြစ်ပြီး ဒီစနစ်ထဲကို ဝင်လိုက်ရင် Android Device တွေနဲ့ ချိတ်ဆက်ဖို့ ခက်ခဲတဲ့ iPhone အတွက်ပါ အသုံးပြုနိုင်တဲ့ စနစ်ပါဝင်တာကို တွေ့ရမှာပါ။ ဒါ့အပြင် ကင်မရာ စနစ်ပိုင်းမှာလည်း ဓာတ်ပုံတွေ၊ ကိုယ့်စိတ်ကြိုက် ဗီဒီယိုဖိုင်တွေကို စုပေါင်းပြီး ဗီဒီယို ဖိုင်စနစ်တွေကို ဖုန်းထဲမှာတင် နောက်ခံတီးလုံး သံလေးတွေ ထည့်ပေါင်းပြီး ပြုနိုင်ပါသေးတယ်။ ကင်မရာပိုင်းမှာ Manual ပုံစံမျိုး White Balance, Exposure အစရှိတဲ့ စနစ်တွေကို ကိုယ်တိုင်ချိန်ညှိ အသုံးပြုနိုင်မယ့် စနစ်တွေ ပါဝင်ပါတယ်။

အသေးစိတ်ဖော်ပြချက်
CPU ကတော့ Octa-core 1.7 GHz CPU ကို အသုံးပြုထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် အပိုင်းတွေမှာ မြန်ဆန်ချောမွေ့ပါတယ်။ ဂရပ်ဖစ် စနစ်အတွက်လည်း Mali-400MP2 GPU ကို ထည့်သွင်း အသုံးပြု ပေးထားပါတယ်။ Chipset ကတော့ Mediatek MT6582 Chipset ကိုအသုံးပြုထားတာပါ။ ဖုန်းမှတ်ဉာဏ် အတွက်ကတော့ 8GB ပါဝင်ပြီး 1GB RAM ပါဝင်ပါတယ်။ နောက်ထပ် မှတ်ဉာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card ကို 32GB ထိထပ်တိုး အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 4.4.2 ကိုအသုံးပြု ထားတာဖြစ်ပြီး Bluetooth 4.0, USB 2.0 စနစ်တွေကို အသုံးပြု နိုင်ပါတယ်။ ကင်မရာကတော့ နောက်ဘက်ကင်မရာဟာ 13Mega Pixle ရှိပြီး ရှေ့ကင်မရာ ကတော့ 5Mega Pixel ရှိပါတယ်။ Screen Resolution ကတော့ 720x1280 Pixel ရှိပြီး HD 720 Screen ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ကြည်လင်တောက်ပတဲ့ မြင်ကွင်းကိုလည်း မြင်တွေ့ခံစားရမှာပါ။ ဘက်ထရီကတော့ 2600mAh ဘက်ထရီကို ထည့်သွင်ပေးထားတာ ဖြစ်ပါတယ်။


သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ 816 ဟာ အရွယ်အစားပိုင်းမှာ ဘေးဘောင်တွေ အနည်းငယ် ကြီးမားကျယ်ပြန့် နေတာကလွဲရင် ဖုန်းတွင်း စနစ်ပိုင်း အားလုံးနီးပါးဟာ ကောင်းမွန်နေ ပါတယ်။ ဈေးနှုန်းအရ တွက်ကြည့်မယ် ဆိုရင်လည်း ကျပ် ၂၈၅,၀၀၀ ဝန်းကျင်မှာ Octa-core CPU, GPU စနစ်အတွေအပြင် ကောင်းမွန်တဲ့ ကင်မရာစနစ်တွေနဲ့ ပြည့်စုံတဲ့ မိုဘိုင်းကွန်ရက် စနစ်တွေကို အသုံးပြုနိုင် မှာ ဖြစ်တဲ့အတွက် ဈေးနှုန်းနဲ့ အသုံးပြုနိုင်မှုဟာ တန်တယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းရဲ့ ဖွဲ့စည်းမှု ပုံစံဟာ ပလတ်စတစ် ဘော်ဒီဖွဲ့စည်းမှု ပုံစံဖြစ်တဲ့ အတွက်တော့ ဖုန်းကို အလွယ်တကူ ပွန်းရှမှုတွေ ဖြစ်နိုင်တဲ့ အတွက်ဒါကိုတော့ဂရုစိုက်ရ ပါလိမ့်မယ်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com