1/29/2015

♪ Samsung က Galaxy A7 စမတ်ဖုန်းကို ကြေညာ ♫

2

Samsung က SIM Card နှစ်ခု အသုံးပြုနိုင်သော Galaxy A7 ကို ကြေညာလိုက်ပြီး မတ်လ မတိုင်မီ ရောင်းချပေးမည် ဖြစ်သည်။

A7 ကို Chipset နှစ်မျိုးဖြင့် ထုတ်လုပ်ပေးထားပြီး 64-bit Qualcomm Snapdragon 615 SoC သို့မဟုတ် 32-bit Exynos 5430 တို့ကို ရွေးချယ်နိုင်ပါသည်။ Chipset နှစ်ခုစလုံးသည် Octa-Core အမျိုးအစား များ ဖြစ်ပါသည်။

A7 တွင် 2GB RAM, 16GB Internal Storage ပါရှိသည့်အပြင် microSD Card အသုံးပြုနိုင်ပါသည်။ ၅.၅ လက်မ အရွယ် HD Super AMOLED Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13MP နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 4G LTE ကို အထောက်အပံ့ပေးပါသည်။ Android 4.4 KitKat ကို TouchWiz UI နှင့် တွဲဖက် အသုံးပြုထားပါသည်။ Android 5.0 Lollipop ကို အဆင့်မြှင့်ပေးမည် ဖြစ်သည်။ 2600mAh Battery ထည့်သွင်းပေးထားပြီး အထူမှာ ၆.၃ မီလီမီတာ ဖြစ် သဖြင့် အလွန်ပါးလွှာပါသည်။

Samsung Galaxy A7 ကို အပြာရင့်၊ အဖြူ၊ ရွှေရောင်များ ရွေးချယ်နိုင်ပါသည်။ A7 ကို ရုရှားတွင် ရူဘယ် ၃၁၉၉၀ သတ်မှတ်ထားသည့်အတွက် အမေရိကန် ဒေါ်လာ ၅၃၀ ၀န်းကျင် တန်ကြေးရှိပါသ

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com