1/28/2015

♪ သုံးမိနစ်အတွင်း Mi Note စမတ်ဖုန်း အားလုံးကို Xiaomi ရောင်းချခဲ့ ♫


ပြီးခဲသည့် အင်္ဂါနေ့က တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်သော Xiaomi သည် Mi Note နှင့် Mi Note Pro ထုတ်ကုန်များ အားလုံးကို သုံးမိနစ်အတွင်း ရောင်းချနိုင်ခဲ့ကြောင်း Weibo လူမှုရေးမီဒီယာ စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။ သို့သော်လည်း Xiaomi အနေဖြင့် စမတ်ဖုန်း အလုံးရေ မည်မျှရောင်းချခဲ့ရခြင်းကိုမူ မထုတ်ပြန်ခဲ့ပေ။

Xiaomi သည် ၎င်း၏ Mi Note နှင့် Mi Note Pro ထုတ်ကုန်များကို ဖေဖော်ဝါရီ ၃ ရက်မှသာ ပြန်လည် ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Mi Note စမတ်ဖုန်းများသည် စတင်ရောင်းချသည့်ရက်၌ပင် သုံးမိနစ်အတွင်း ထုတ်ကုန်အားလုံး ရောင်းချနိုင်ခြင်းမှာ Xiaomi အတွက် aကာင်းမွန်သော စတင်မှုဖြစ်ကြောင်း သတင်းများမှ ဖော်ပြကြသည်။ လက်ရှိတွင် ကုမ္ပဏီအနေဖြင့် ဖုန်းများ တပ်ဆင်ထုတ်လုပ်ရန်အတွက် ထောက်ပံ့ပစ္စည်းများ ထုတ်လုပ်နေရသောကြောင့် ထုတ်ကုန်များကို ရောင်း ချနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် တရုတ်နိုင်ငံတွင် Mi Note ဝယ်လိုအားသည် ယခင်ကနှင့်မတူညီဘဲ ပိုမိုများပြား လာနေကြောင်း သိရသည်။

Xiaomi ကုမ္ပဏီကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံရှိ ဖုန်းသုံးစွဲမည့်သူများကို သာမန် ဈေးနှုန်းထက် ပိုမိုသက်သာသည့် အရည်အသွေးရှိ စမတ်ဖုန်းများကို ရောင်းချရန် ဦးတည်ခဲ့သည်။ သို့သော် ကုမ္ပဏီအနေဖြင့် Apple ၏ ထုတ်ကုန်များကဲ့သို့ ဟန်းဆက်များကို တည်ဆောက် ထားသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင်၎င်း၏ စမတ်ဖုန်းများသည် တရုတ်နိုင်ငံတွင် အကြီးအကျယ် ရေပန်းစားခဲ့ပြီး အရောင်းစံချိန်လည်း တင်ခဲ့ကြောင်း သိရှိရသည်။

Ref: CNET
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download