1/28/2015

♪ ၁ ဘီလီယံမြောက် iOS ထုတ်ကုန်ကို နိုဝင်ဘာလတွင် Apple တင်ပို့ရောင်းချခဲ့ ♫


ပြီးခဲ့သည့် သုံးလပတ်က Apple သည် စမတ်ဖုန်းနှင့် tablet operating system ဖြစ်သော iOS အသုံးပြုထားသည့် ၁ ဘီလီယံမြောက် ထုတ်ကုန်ကို တင်ပို့ရောင်းချခဲ့ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်က ပြောကြားလိုက်သည်။

“ဒါဟာ iOS အတွက် တကယ့်ကို အရေးပါတဲ့ သုံးလပတ်ပါ။ နိုဝင်ဘာလ ၂၂ ရက်မှာ ကျွန်တော်တို့က ၁ ဘီလီယံမြောက် iOS ထုတ်ကုန်ကို တင်ပို့ရောင်းချခဲ့ပါတယ်။ အဲ့ဒီထုတ်ကုန်က မီးခိုးရောင် 64GB iPhone 6 Plus ပါ။ iOS ထုတ်ကုန် ၁ ဘီလီယံ ရောင်းချဖို့ဆိုတာ ဖြစ်နိုင်ချေ နည်းပါးတဲ့ စံချိန်တစ်ခုပါ။ အဲ့ဒီအတွက် ကျွန်တော်တို့အားလုံး ဂုဏ်ယူမိပါတယ်” ဟု တင်မ်ကွတ်ခ်က ကုမ္ပဏီ၏ ပထမသုံးလပတ် အစီရင်ခံစာ ထုတ်ပြန်အပြီးတွင် ပြောကြားခဲ့သည်။

ထို့အပြင် ကုမ္ပဏီ၏ ပျှမ်းမျှ ရောင်းချမှုသည် တစ်ရက်လျှင် iPhone စမတ်ဖုန်း ၃၄,၀၀၀ ကျော်ကို ရောင်းချ ခဲ့ရကြောင်း ကွတ်ခ်က ဆိုခဲ့သည်။

၂၀၀၇ ခုနှစ်က စတင်မိတ်ဆက်ပေးခဲ့သည့် iPhone သည် Apple ၏ အရေးအပါဆုံးနှင့် ဝင်ငွေအရရှိဆုံး ထုတ်ကုန်ဖြစ်ပြီး ထုတ်ကုန်များ ရောင်းချမှု၏ ထက်ဝက်ကျော်ခန့်မှာ iPhone များဖြစ်သလို အမြတ်ငွေ အနေဖြင့်လည်း ၇၀ ရာခိုင်နှုန်းခန့် ရှိခဲ့ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ ပထမသုံးလပတ် အစီရင်ခံစာတွင် ဖော်ပြချက်အရ Apple သည် နောက်ဆုံး သုံးလပတ်တွင် iPhone အလုံးရေ ၇၄.၅ သန်း စံချိန်တင် ရောင်းချခဲ့ရပြီး လွန်ခဲ့သည့်နှစ်ကထက် ၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

Ref: CNET
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com