1/28/2015

♪ ဘားကမ့်ရန်ကုန်အွန်လိုင်းမှတ်ပုံတင်ခြင်း ပြန်လည်ခွင့်ပြုရန်စီစဉ်နေ ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibPKLL3FC9nnsqoORjyG9j8xj591ej8EPaOPi7k-nHuVJp0B-EiS3N1_z4jxSbEZ8IyL5_PwlgL8h0NVgmYZFF_CALO9oURiJmEtoyaTbKtiw0563f2r5aoA6hIPKPdwbq48VgptAT6ll7/s1600/1.jpeg

(၆)ကြိမ်မြောက် ကျင်းပမည့် BarCamp Yangon တက်ရောက်ရန် အွန်လိုင်းမှတ်ပုံတင်ခြင်းမှာ သတ်မှတ်ဦးရေပြည့်၍ ရပ်နားထားသော်လည်း ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် ပြန်လည်ဖွင့်လှစ်ပေးရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အွန်လိုင်းမှ မှတ်ပုံတင်ခြင်းကို သတ်မှတ်ထားသည့် လူဦးရေ သုံးထောင်ပြည့်ပြီးဖြစ်၍ ယာယီပိတ်ထား ခဲ့သော်လည်း စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ရန် ပွဲနေ့မတိုင်ခင်တွင် အွန်လိုင်းနောက်ဆုံး မှတ်ပုံတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း Bar-Camp Yangon ၏ ပြန်ကြားရေးတာဝန်ခံကို ဇော်ဇော်မျိုးလွင် က ပြောသည်။

‘‘နှစ်တိုင်းလည်း သုံးထောင်သတ်မှတ်ထားတယ်။ စိတ်ပါဝင် စားသူတိုင်း တက်ခွင့်ရှိပါတယ်။ အခု သုံးထောင်က ဒီနှစ်ဘားကမ့်ရဲ့ အမှတ်တရပစ္စည်းတွေရမှာပါ။ နောက်ဆုံးအချိန်ကပ်မှ အွန်လိုင်းကနေ မှတ်ပုံတင်ဖို့ ခွင့်ပြုသွားဖို့တော့ရှိတယ်။ ဒါပေမဲ့ သူတို့ကျတော့ အမှတ်တရလက်ဆောင် ပစ္စည်းရဖို့ မသေချာဘူး’’ဟု ၎င်းက ဆိုသည်။

BarCamp ဆိုသည်မှာ နည်းပညာစိတ်ဝင်စားသူအများစုလာရောက်ကြပြီး တက်ရောက်လာသူတိုင်းမှာ စိတ်ပါဝင်စားသည့်  အကြောင်းအရာအလိုက်  နားထောင်သင်ယူနိုင်မည့်အပြင် ကိုယ်တိုင် ဆွေးနွေးပြော ဆိုနိုင်ခွင့်ရှိသည်။ နောက်ပိုင်းနှစ်များတွင် နည်းပညာသာမက အခြားသော နည်း ပညာနှင့် ဆက်စပ်နေ သည့်အကြောင်းအရာများကို လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေးဝေမျှနိုင်သည်။

ယခုလ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် လှိုင်တက္ကသိုလ်နယ်မြေ MICT Park ၌ ကျင်းပပြုလုပ်မည့် BarCamp Yangon တွင်ဆွေးနွေးမည့် ခေါင်းစဉ်တစ်ခုအတွက် ၄၅ မိနစ်ခွင့်ပြုထားပြီး လိုအပ်သည့် မိုက်ခရိုဖုန်းနှင့် ပရောဂျက်တာများကို ထောက်ပံ့ပေးထားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
7Day News Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com