1/28/2015

♪ ASUS Zenfone 5 ရဲ့အားသာချက် ၊ အားနည်းချက် ၊ နည်းပညာ နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဖုန်းထဲမှာ အသုံးပြုနိုင်တဲ့ နည်းပညာပိုင်း အသုံးပြု စနစ်တွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာ ပိုင်းမှာလည်း စမတ်ဖုန်း တစ်လုံးအတွက် သင့်လျော်တဲ့ ကင်မရာ စနစ်တစ်ခုဖြစ်ပြီး ASUS ရဲ့ဝန်ဆောင်မှု App ပိုင်းတွေမှာ ကောင်းမွန်တာ တွေ့ရတာပါတယ်။ ဖုန်းတွင်းမှာ ရှိသမျှစ နစ်များအားလုံးကို မြန်မာ လို မြင်တွေ့အသုံးပြု နိုင်ပါတယ်။

အားနည်းချက်
ဖုန်းမှာပါဝင်တဲ့ မြန်မာစာ စနစ်ဟာ ဖုန်းတွင်းစနစ် အားလုံးအတွက်တော့ မြန်မာလို ကောင်းမွန်စွာ မြင်တွေ့ အသုံးပြု နိုင်ပေမယ့် အခြားပြင်ပမှလာတဲ့ Message တွေနဲ့ Facebook စနစ်တွေကို အသုံးပြုချိန်မှာတော့ ဖုန်းမှာပါဝင်တဲ့ ဖောင့်စနစ်ဟာ မြန်မာစာစနစ်မှာ စာတွေလွဲနေတဲ့ အတွက် မြန်မာစာ စနစ်အတွက် Fonts ကို သီးသန့်ထပ်မံ ထည့်သွင်းအသုံးပြု ရမှာဖြစ်ပါတယ်။

ဒီဇီုင်း
ဖုန်းကိုယ်ထည် တစ်ခုလုံးဟာ ပလတ်စတစ် ကိုယ်ထည်ဖွဲ့စည်းမှု  ပုံစံမျိုးဖြစ်ပြီး အလေးချိန်ကလည်း ပေါ့ပါးပါတယ်။ အရွယ်အစား ပိုင်းမှာတော့ ဖုန်းတစ်ခုလုံးရဲ့ အထက်အောက် အမြင့်ဟာ ၁၄.၈၂ စင်တီမီတာ ရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၂၈ စင်တီမီတာ ရှိပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားဟာ လက်နဲ့ကိုင်တွယ် အသုံးပြုချိန်မှာတော့ လက်ထဲမှာ အံဝင်ခွင်ကျ ရှိနေပြီး အလေးချိန်ကလည်း ပေါ့ပါးတဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။ ဖုန်းရဲ့ထုထည်ကတော့ ၁.၀၃ စင်တီမီတာ ရှိတဲ့အတွက် ထူတယ်လို့ ပြောရမှာဖြစ်ပေမယ့် နောက်ဘက် ကာဗာဟာ အခုံးပုံစံမျိုး ပြုလုပ်ထားပြီး အနားဘောင် လေးဖက်ဟာ ပြေလျော့ထားတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် အရမ်းထူတယ်လို့ မခံစားရပါဘူး။ နောက်ဘက် ကာဗာဟာ ဖြုတ်နိုင်တပ်နိုင်တဲ့ ကာဗာအရှင် ဖြစ်ပေမယ့် ဘက်ကရီကတော့ အသေပါ။


ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။ Sim Card ကတော့ Micro Sim နှစ်ကတ် အသုံးပြုနိုင်တဲ့ Dual Sim ဖုန်းပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၀ လက်မရှိပြီး IPS Display အမျိုးအ စားပါ။ Screen Resolution အနေနဲ့ 720 x 1280 Pixel ရှိပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ASUS ရဲ့ ၀န်ဆောင်မှု ဆော့ဖ်ဝဲတွေကို တော်တော်များများ မြင်တွေ့နိုင်မှာ ဖြစ် ပါတယ်။ What's Next ဆိုတဲ့စနစ် ကိုအသုံးပြုပြီး Facebook လိုလူမှုကွန်ရက် စနစ်တွေ၊ ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ Contact အစရှိတဲ့ အရာတွေနဲ့ ချိတ်ဆက်ထား လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ Facebook ဒါမှမဟုတ် Contact ထဲမှာရှိနေတဲ့ သူတွေရဲ့ မွေးနေ့တွေကို Calendar နဲ့ချိတ်ဆက်ထားပြီး ပြသပေးနေ မှာ ဖြစ်ပါတယ်။ ပြသတဲ့နေရာမှာ ဖုန်းရဲ့ Home Screen ပေါ်မှာ ဖော်ပြပေးနိုင်သလို Lock လုပ်ထားတဲ့ Lock Screen ပေါ်မှာလည်း ဒီနေ့မှာ ဘယ်သူ့မွေးနေ့ ရှိပါတယ် အစရှိသဖြင့် ပြက္ခဒိန်နဲ့တကွ ဖော်ပြပေးနေ မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းဈေးဝယ်ခြင်း ပြုလုပ်နိုင်မယ့် Amazon Kindle စနစ်၊ Cloud စနစ်လိုမျိုး အွန်လိုင်းမှာ အချက်အလက်တွေကို သိမ်းဆည်းနိုင်မယ့် ASUS WebStorage စနစ်၊ အွန်လိုင်းပေါ်ကနေ စာအုပ်တွေကို ဖတ်ခြင်း၊ ဝယ်ယူခြင်းတွေကို ပြုလုပ်နိုင်မယ့် Zinio အစရှိတဲ့ စနစ်တွေဟာ Zenfone 5 အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ ပဲဖြစ်ပါတယ်။ ဒါ့အပြင် အခြား Data Transfer, Do it Later, PC Link, Party Link အစရှိတဲ့ ASUS ရဲ့ App စနစ်တွေကိုလည်း ထိတွေ့အသုံးပြု နိုင် ပါသေးတယ်။


အသေးစိတ်ဖော်ပြချက်
CPU ကတော့ Dual-core 1.2GHz CPU ကိုအသုံးပြုထားပြီး ဒီ CPU စနစ်ဟာ ပြည်တွင်းကို ဝင်ရောက်လာတဲ့ Zenfone 5 တွေအတွက် CPU စနစ်ဖြစ်ပါတယ်။ ဂရပ်ဖစ် စနစ်အတွက်တော့ PowerVR SGX544MP2 GPU ကိုထည့်သွင်း အသုံးပြုထားတာပါ။ ဖုန်းမှတ်ဥာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ် မှတ်ဥာဏ် ထပ်တိုးအသုံးပြု ဖို့အတွက် Micro SD Card 64GB ထိထပ်တိုး အသုံးပြု နိုင်ပါတယ်။ OS ကတော့ Android OS Version 4.4 ကို အသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 8 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 2 Mega Pixel ရှိပါတယ်။  Bluetooth 4.0A2DP စနစ်နဲ့ USB 2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Po 2110mAh ဘက်ထရီကို အသုံးပြု ထားတာပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံ သုံးသပ်ကြည့်မယ် ဆိုရင်တော့ ဒီဖုန်းဟာ အရွယ်အစားပိုင်းမှာ ကိုင်တွယ် အသုံးပြု ရတာအဆင်ပြေပါတယ်။ ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်တဲ့အတွက် အရမ်းမြင့်မားတဲ့ Hardware တွေကို အသုံးပြုထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖုန်းထဲမှာ အသုံးပြုထားတဲ့ Hardware စနစ်တွေနဲ့ ဖုန်းတွင်းအသုံးပြု ဆော့ဖ်ဝဲဝန်ဆောင်မှု စနစ်ပိုင်းတွေမှာ ပြည့်စုံမှုရှိတာ တွေ့ရပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ မြန်မာစာ စနစ်အဟာ အသုံးပြုဖို့ အခက်အခဲ ရှိတဲ့အတွက် မြန်မာစာကိုတော့ ပြန်လည်ထည့်သွင်း အသုံးပြု ရနိုင်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com