1/29/2015

♪ Android သုံးစွဲသူများအတွက် လုံခြုံရေးအန္တရာယ် ♫



Android သုံးစွဲသူ ၆၀ ရာခိုင်နှုန်းသည် Android OS version အဟောင်းများကို သုံးစွဲနေကြပြီး Google မှ ၄င်းတို့၏လုံခြုံရေး အားနည်းချက်ကို ပြင်ဆင်ရန် မရှိကြောင်း သိရသည်။ လုံခြုံရေးပြသာနာမှာ Android 4.0 Jelly Bean နှင့် အစောပိုင်း OS ရှိ web browser များတွင်တွေ့ရပြီး Google ၏ လုံခြုံရေးဆိုင်ရာ အကြီးအကဲမှ Google + Post တွင် ထိုအချက်ကိုရေးသားခဲ့သည်။

Software ကို update အမြဲဖြစ်နေစေရန်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း Adrian Ludwig မှဆိုခဲ့သည်။ Android OS အဟောင်းများ၏ browser app သည် WebKit browserengine ကိုအခြေခံထားပြီး ၂ နှစ်ကျော် သက်တမ်းရှိပြီးဖြစ်ကာ ထိုလုံခြုံရေးချို့ယွင်းချက်ကို ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်းဆိုထားသည်။

Google ၏ Android သုံးစွဲမှုစာရင်းအရ ထိခိုက်မှုမရှိသော Version အသစ် Android 4.4 KitKat နှင့်အထက်သုံးစွဲသူမှာ 39.1 ရာခိုင်နှုန်းရှိသည်။ ထို့ကြောင့် Android devices ၆၀ ရာခိုင်နှုန်းမှာ အန္တရာယ်ရှိသော browser ကိုသုံးစွဲနေရသည်။

Android OS ကို upgrade လုပ်ရန်မှာလည်း အများစုအဖြစ် မဖြစ်နိုင်သလောက်ရှိနေသည်။ Ludwig မှ Android OS အဟောင်းများကို သုံးစွဲပါက browser ပြောင်းလဲသုံးစွဲရန်အကြုံပြုထားပြီး Android 4.0 ICS နှင့် အထက်တွင် Chrome ကိုသုံးရန် အကြံပေးထားသည်။

Android 2.3 နှင့် အထက်ဖုန်းများတွင်မူ FireFox ကိုသုံးစွဲနိုင်မည်ဖြစ်သည်။ သို့တိုင်မူရင်း web browser ၏အားနည်းချက်ဖြစ်၍ ပြသာနာ အားလုံးမပြေလည်နိုင်ဟုသိရသည်။

Credit : Net Guide Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com