စမတ်ဖုန်းများ ပိုပါးလွှာ ပေါ့ပါးကာ ပိုအဆင့်မြင့်လာကြသည့်တိုင်
လိုင်းဆွဲအား ပိုင်းတွင်ကား သိပ်ထူးခြား ကောင်းမလာ ကြသေးကြောင်း
တွေ့နိုင်သည်။
ထိုပြဿနာကို
ဖြေရှင်းဖို့ Reach 79 ဖုန်းကာဗာလာပြီ။ ပြောနေတုန်း လိုင်းမကျအောင်လည်း
ကာကွယ်ပေးမည်။ ပုံမှန်ဖုန်းများ ထက်လည်း လိုင်းဆွဲအား နှစ်ဆ ကောင်းစေရမည်ဟု
အာမခံထားသည်။ အိုင်ဖုန်းကာဗာ ပလတ်စတစ် သားထဲတွင် ညှပ်ထည့်ထားသော ရွှေသား
အင်တာနာက လိုင်းဆွဲအား ပိုကောင်းရုံသာမက ဘက်ထရီကုန်လည်း သက်သာ၊
အင်တာနက်လည်း ပိုမြန်အောင် ဖန်တီးပေးမည်ဟု ကယ်လီဖိုးနီးယား အခြေစိုက်
ကုမ္ပဏီက ကြေညာထားသည်။
လာ့စ်ဗေးဂတ်မြို့တွင် ကျင်းပသော အီလက်ထရောနစ် ပစ္စည်းပြပွဲ CES တွင် ထုတ်ဖော် ပြသခဲ့သည်။ အိုင်ဖုန်း ကာဗာ ပလတ်စတစ်သား အတွင်း ထည့်မြှုပ် ထားသော ရွှေသား အင်တာနာသည် အိုင်ဖုန်းထဲက အင်တာနာဖြင့် ကြိုးမဲ့ ချိတ်ဆက် အလုပ် လုပ်မည်ဖြစ်သည်။ ထိုအင်တာနာ နှစ်ခု ပေါင်းခြင်းဖြင့် လိုင်းဆွဲအား ပိုကောင်းလာမည် ဖြစ်သည်။
ပလတ်စတစ် နှင့် လုပ်ထားသော ကာဗာသည် ဖုန်းကို အမြင့် ခြောက်ပေခွဲက ပြုတ်ကျသည့်တိုင် ဘာမှ မဖြစ်အောင်လည်း ကာကွယ် နိုင်သေးသည်။ လက်ရှိတွင် iPhone 6 နှင့် 6 Plus အတွက်သာ ရနိုင်သေးသည်။ ဒေါ်လာ (၆၀) နှင့် (၇၀) ဖြစ်သည်။ အမည်းရောင် တစ်မျိုးသာ ရနိုင်သေးရာ ရောင်စုံ ထုတ်ဖို့ ရှိသလို အခြားဖုန်းများ အတွက်လည်း ကာဗာများ ထုတ်လုပ်ရန် ရှိကြောင်း သိရ သည်။
နည်းပညာ
Credit: Search Myanmar
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။