1/27/2015

♪ Xiaomi က Mi Note နှင့် Mi Note Pro စမတ်ဖုန်းနှစ်လုံးကို ကြေညာ ♫

1

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Xiaomi က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း နှစ်လုံးဖြစ်သည့် Mi Note နှင့် Mi Note Pro တို့ကို ကြေညာလိုက်ပါသည်။

Mi Note
Mi Note တွင် Sharp က ထုတ်လုပ်ပေးထားသော ၅.၇ လက်မ 1920×1080 Resolution Display တပ်ဆင်ထားပါသည်။ အရှေ့နှင့် အနောက်ဘက်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ Mi Note ကို အနက်နှင့် အဖြူရောင်များ ရွေးချယ်နိုင်ပါသည်။

Mi Note ကို 2.5GHz Quad-Core CPU တပ်ဆင်ထားသည့် Qualcomm Snapdragon 801 က မောင်းနှင်မည် ဖြစ်သည်။ 3GB RAM, 16/64GB Internal Storage ပါရှိပါသည်။ SIM Card Slot နှစ်ခုစလုံးတွင် 4G LTE ကို ထောက်ပံ့ပေးပါသည်။

အနောက်ဘက်တွင် Sony ၏ Optical Image Stabilization နည်းပညာပါရှိသော 13MP Camera နှင့် အရှေ့ဘက်တွင် 4MP Camera တပ်ဆင်ထားပါသည်။ 3000mAh Battery ပါရှိပါသည်။ MIUI 6 Software ထည့်သွင်းထားပါသည်။

Mi Note 16GB အမျိုးအစားကို ဒေါ်လာ ၃၇၁ ၊ 64GB အမျိုးအစားကို ဒေါ်လာ ၄၅၁ ဖြင့် တရုတ် တွင်ရောင်းချပေးမည် ဖြစ်သည်။ တရုတ်တွင် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ပြီး ထို့နောက်တွင် နိုင်ငံတကာတွင် ရောင်းချပေးမည် ဖြစ်သည်။

Mi Note Pro
2
Mi Note Pro တွင် Sharp ၏ ၅.၇ လက်မ QHD IPS Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၁၅ ဖြစ်ပါသည်။ Qualcomm ၏ နောက်ဆုံးထုတ် Snapdragon 819 Chipset ထည့်သွင်းပေးထားပြီး 2.0GHz Core လေးလုံးနှင့် 1.5GHz Core လေးလုံး ပါရှိပါသည်။ 4GB RAM , 64GB Internal Storage ပါရှိပါသည်။

အနောက်ဘက်တွင် Sony ၏ Optical Image Stabilization နည်းပညာပါရှိသော 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 4MP Camera ပါရှိပါသည်။ 3000mAh Battery တပ်ဆင်ပေးထားပြီး 4G LTE ကို အသုံးပြုနိုင်ပါသည်။

Android 5.0 Lollipop ကို နောက်ဆုံးထုတ် MIUI နှင့် တွဲဖက် အသုံးပြုထားပါသည်။ တရုတ်တွင် ဒေါ်လာ ၅၃၁ ၀န်းကျင်ဖြင့် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် စတင် ရောင်းချပေးမည် ဖြစ်သည်။

Mi Note နှင့် Mi Note Pro တို့၏ ဈေးနှုန်းများမှာ တရုတ်နိုင်ငံအတွက် ဖြစ်ပြီး နိုင်ငံတကာတွင် ရောင်းချ မည့် ဈေးနှုန်းများမှာ အနည်းငယ်ကွာခြားနိုင်ပါသည်။

Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 

www.pyaephyo.com