1/27/2015

♪ Google က Ara Modular Phone များကို ပွာတိုရီကိုနိုင်ငံတွင် စတင်ရောင်းချမည် ♫

4

Google က အစိတ်အပိုင်းများကို ဖြုတ်တပ် လဲလှယ်နိုင်သော Modular Phone များကို Project Ara စီမံကိန်းဖြင့် တီထွင်နေပါသည်။ ယခုအခါ Google က စွမ်းဆောင်ရည်ပြည့်ဝသော Modular Phone နမူနာပုံစံကို ပြသလိုက်ပြီး ယခုနှစ်နှစ်ဝက်တွင် ပွာတိုရီကိုနိုင်ငံတွင် စတင် စမ်းသပ်ရောင်းချမည်ဟု ကယ်လီဖိုးနီးယားပြည်နယ် Mountain View ရှိ သူ၏ ရုံးချုပ်တွင် နှစ်စဉ်ကျင်းပလေ့ရှိသော Developer Conference တွင် ကြေညာပါသည်။

Modular Phone များတွင် Camera, Memory , Processor, Speaker နှင့် အခြား အစိတ်အပိုင်းများကို ဖြုတ် တပ်လဲလှယ်နိုင်ပါသည်။ ထို့အတွက် ကင်မရာကို အဆင့်မြှင့်ချင်လျှင် ဖုန်ုးအသစ်ဝယ်ယူရန် မလိုတော့ဘဲ ကင်မရာအသစ်ကို တပ်ဆင်နိုင်မည် ဖြစ်သကဲ့သို့ အခြား အစိတ်အပိုင်းများကိုလည်း ထိုသို့ အဆင့်မြှင့်နိုင်ပါသည်။

Google က Developer Conference တွင် Spiral 2 နမူနာဖုန်းကို ပြသလိုက်ပြီး 720p Display တပ်ဆင်ထားသော စွမ်းဆောင်ရည်ပြည့်ဝသည့် စမတ်ဖုန်း ဖြစ်ပါသည်။ နောက်မျိုးဆက် Spiral 3 သည် 4G ဆက်သွယ်မှုကို အထောက်အပံ့ပေးမည်ဖြစ်ပြီး Third-Party ထုတ်လုပ်သူများ၏ ဖုန်းအစိတ်အပိုင်းများကို အသုံးပြုနိုင်မည်ဟု ပြောပါသည်။

Google က Modular Phone များတွင် ထည့်သွင်းပေးမည့် Ara Manager App နှင့် အသုံးပြုသူ၏ လိုအပ်ချက်နှင့် အညီ တပ်ဆင်ရမည့် ဖုန်းအစိတ်အပိုင်းများကို ရွေးချယ်ပေးမည့် Ara Configurator တို့ကို ပြသလိုက်ပါသည်။

Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download