1/28/2015

♪ ဆာဗာချို့ယွင်းချက်ကြောင့် ဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း Facebook ပြောကြား ♫


Facebook, Tinder, Instagram, AOL Instant Messenger နှင့် Hipchat အပါအဝင် နာမည်ကျော် လူမှုကွန်ရက်များသည် အင်္ဂါနေ့က ယာယီရပ်ဆိုင်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုများသည် မိနစ် ၅၀ ခန့် ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သော်လည်း Facebook နှင့် Instagram မှာ ဆာဗာချို့ယွင်းမှုကြောင့် ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း Facebook မှ ဆိုခဲ့သည်။

“ဒီကနေ့ အစောပိုင်းမှာ Facebook နဲ့ Instagram သုံးစွဲသူတွေအနေနဲ့ အခက်ကြုံခဲ့ရပါတယ်။ ဒါဟာ third party တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့တာ မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ ဆာဗာစနစ်မှာ ချို့ယွင်းချက် တစ်ခုကြောင့်ဖြစ်ပွားခဲ့တာပါ။ ဒီပြသာနာကို အလျင်အမြန် ပြင်ဆင်ပေးပြီးတဲ့နောက် ကုမ္ပဏီရဲ့ ဝန်ဆောင် မှုတွေကို ရာနှုန်းပြည့် ပြန်လည် အသုံးပြုနိုင်နေပါပြီ” ဟု နာမည်ကျော် လူမှုကွန်ရက်ဖြစ်သည့် Facebook မှ ပြောကြားခဲ့သည်။

၎င်းဝန်ဆောင်မှုများ ပြတ်တောက်မှုသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားခဲ့သည်။ Facebook ပိုင်ဆိုင်သည့် Instagram သည်လည်း “can’t refresh feed” error ကို ဖော်ပြခဲ့သလို Facebook ဝက်ဘ်ဆိုက် တွင်လည်း error message ကိုဖော်ပြခဲ့သည်။

ထို့အပြင် log in လုပ်ဆောင်ချက်အတွက် Facebook ကို အားထားရသည့် Tinder ကဲ့သို့သော app များတွင်လည်း အသုံးပြုမှု ရပ်ဆိုင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။

သို့သော် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက Facebook မှ ဝယ်ယူခဲ့သည့် WhatsApp ဝန်ဆောင်မှု တွင် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

Ref: TheGuardian

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com