1/30/2015

♪ ထူးခြားသော ပင်ကိုစရိုက်များ ပါဝင်သည့် LG AKA စမတ်ဖုန်းများ မကြာမီ ပြည်တွင်းဈေးကွက်ဝင်မည် ♫


အရောင်တစ်မျိုးစီအလိုက် ထူးခြားသော ပင်ကိုစရိုက်များ ပါဝင်သည့် LG AKA စမတ်ဖုန်းများအား မကြာမီ ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ AKA စမတ်ဖုန်းများကို ၂၀၁၅ ခုနှစ် မတ်လနောက်ဆုံးပတ်တွင် ပြည်တွင်းဈေးကွက်၌ စတင်မိတ်ဆက် ပေးသွားဖွယ်ရှိပြီး ၎င်းဖုန်းများတွင် ဖုန်းရှေ့ကာဗာတစ်ခု အပိုပါဝင်ကာ ၎င်းကာဗာကို တပ်ဆင်လိုက်ပါက ဖုန်း screen ၌ မျက်လုံးတစ်စုံက သုံးစွဲသူအား စောင့်ကြည့်နေသည့်အလား တုံ့ပြန်ဆောင်ရွက်နိုင်မည့်အပြင် YO YO, WOOKY, SOUL, EGGY စသည့် မော်ဒယ်အလိုက် တုံ့ပြန်မှုများ ပါဝင်မည်ဖြစ်သည်။

"LG AKA ဖုန်းတွေမှာ ထူးခြားတဲ့ ပင်ကိုစရိုက်လေးတွေ ရှိပါတယ်။ ပန်းရောင် YOYO က အမြဲတမ်း ဝိတ်တက် လာတယ်လို့ ထင်ရတဲ့ ကောင်မလေးနဲ့ ဆင်တူပါတယ်။ WOOKY က အဖြူရောင်ပါ။ သူက အမြဲတမ်း ဗန်းစကားတွေပြောတဲ့ စရိုက်ပုံစံပါ။ အနက်ရောင် SOUL ရယ်၊ အဝါရောင် EGGY ကတော့ ဘီယာနဲ့ သီချင်းတွေကို ချစ်ခင်နှစ်သက်တဲ့ စရိုက်မျိုးတွေ ရှိပါတယ်။ ဒီဖုန်းက LG ရဲ့ အိမ်မွေးစမတ်ဖုန်းလို့ တင်စားထားတဲ့ ဖုန်းအမျိုးအစားတွေပါ" ဟု LG Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

LG AKA စမတ်ဖုန်းသည် မြင်ကွင်းအရွယ်အစား ၅ လက်မရှိပြီး GSM ဖုန်းအမျိုးအစားဖြစ်ကာ 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com