1/26/2015

♪ သင့်ရဲ့ Android Touch Screen ကို ကာကွယ်ဖို့ နည်းလမ်းများ ♫

2

ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ Corning Gorilla Glass လို မျက်နှာပြင်များကြောင့် အကြမ်းခံပြီး ခြစ်ရာများကို ခံနိုင်ရည်ရှိတဲ့ ထိတွေ့မျက်နှာပြင်များ ပါရှိလာကြပါတယ်။ ဘယ်လိုပဲ အကြမ်းခံတဲ့ မျက်နှာပြင်တွေ တပ်ဆင်ထား ပေမယ့် သင့်ရဲ့ စမတ်ဖုန်းကို ကိုင်တွယ်ပုံနည်းလမ်းများ မမှန်ကန်ရင်တော့ မျက်နှာပြင်တွေကလည်း ကွဲကြေတတ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ စမတ်ဖုန်း မျက်နှာပြင်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

၁။ သင့်ရဲ့ Tool ကို ဥာဏ်ရှိစွာ ရွေးချယ်ပါ။
Samsung Galaxy Note 4 လို စမတ်ဖုန်းတွေမှာ ကညစ်တံ ပါရှိပါတယ်။ Note 4 မှာ မျက်နှာပြင်ကို ထိတွေ့ အသုံးပြုဖို့ ကညစ်တံ ဒါမှမဟုတ် သင့်ရဲ့ လက်ကို အသုံးပြုနိုင်ပါတယ်။ Sony Xperia Z Ultra မှာ သာမာန် ခဲတံတွေကိုတောင် မျက်နှာပြင်မှာ ထိတွေ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Xperia Z Ultra မှာသာ သာမာန် ခဲတံကို အသုံးပြုနိုင်တာကို မှတ်သားပါ။ အခြား စမတ်ဖုန်းတွေမှာတော့ မျက်နှာပြင်ကို ခဲတံနဲ့ ထိတွေ့တာကို မပြုလုပ်သင့်ပါဘူး။

1
 
၂။ ကန့်သတ်ချက်ကို သိပါ။
သင့်ရဲ့ စမတ်ဖုန်း မျက်နှာပြင်ကို အခြား အီလက်ထရစ် ကိရိယာများနဲ့ နီးကပ်စွာ ထားခြင်းကို ရှောင်ကြဉ်ပါ။ လူတော်တော်များများက သံလိုက်ဆွဲအားက သင့်ရဲ့ ဖုန်းကို ပျက်ဆီးစေမယ်လို့ ထင်နေကြပါတယ်။ အမှန်တော့ အဲဒီလို မဟုတ်ပါဘူး။ သံလိုက်ဆွဲအားရဲ့ အကျိုးသက်ရောက်မှုက Compass Apps တွေအတွက် အသုံးပြုတဲ့ သင့်ဖုန်းမှ Magnetic Sensor ကို ထိခိုက်စေတာပါ။

၃။ သိမ်မွေ့စွာနဲ့ ဂရုတစိုက် ကိုင်တွယ်ပါ။
ဒါကတော့ သိသာထင်ရှားတဲ့ အချက်ပါ။ ဖုန်း အသုံးပြုရတာ လေးလံနှေးကွေးနေတဲ့ အချိန်မှာ ဒေါသနဲ့ ဖုန်းကို မပုတ်ခတ်ပါနဲ့။ နောက်ပြီး ချွန်ထက်တဲ့ အရာဝတ္ထုတွေနဲ့ သင့်ရဲ့ ဖုန်းကို ထိတာတွေကို ရှောင်ရှားပါ။ ဂိမ်းတွေ ကစားတဲ့အခါမှာလည်း စိတ်လှုပ်ရှားစွာနဲ့ ဖုန်းကို အလွန် ဖျစ်ညှစ်ပြီး အသုံးပြုတာကို မလုပ်သင့်ပါဘူး။

2
 
၎။ Screen ကို ပိတ်ပါ။
ဖုန်းကို အသုံးပြုခြင်း မရှိတဲ့ အခါမှာ အချိန်ကြာမြင့်စွာ Screen ကို On ပြုလုပ်ထားတာက မျက်နှာပြင်ကို ထိခိုက်စေပါတယ်။ မျက်နှာပြင်မှာ အချိန်အကြာကြီး ပြသထားတဲ့ ပုံရိပ်ရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ ဖုန်းမှာ အမြဲပေါ်နေတတ်တာ ဖြစ်ပါတယ်။ ဒါကို Ghost Image or Burn-In လို့ ခေါ်ကြပါတယ်။ ဒီလို ဖြစ်ရင် Screen Burn-In Tool ဆိုတဲ့ App နဲ့ ပြုပြင်နိုင်ပေမယ့် ကြိုတင် ကာကွယ်ချင်ရင်တော့ အကောင်းဆုံး နည်းက ဖုန်း Settings ရှိ Lock Screen ကဏ္ဍမှာ အချိန်အတိုင်းအတာ တစ်ခု ရောက်ရင် အလိုအလျှောက် Screen ကို Off ပြုလုပ်အောင် သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

၅။ အကာအကွယ်ကို သုံးပါ။
သင့်ရဲ့ စမတ်ဖုန်းအတွက် Screen Protector, အကြမ်းခံတဲ့ Case စတဲ့ အကာအကွယ် ပစ္စည်းတွေကို အသုံးပြုပါ။ ဖုန်းဆိုင်တွေမှာ သင့်ဖုန်းနဲ့ ကိုက်ညီတဲ့ အကာ အကွယ် Accessory တွေကို ၀ယ်ယူနိုင်ပါတယ်။ အလွန်မာကျောတဲ့ မျက်နှာပြင်တွေတောင်မှ ဖုန်းအောက်ပြုတ်ကျရင် ကွဲသွားနိုင်တဲ့အတွက် အကြမ်းခံတဲ့ မျက်နှာပြင် အကာအကွယ်တွေကို တပ်ဆင်ထားသင့်ပါတယ်။

3
 
၆။ နေရောင်ခြည် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။
သင့်ဖုန်းရဲ့ မျက်နှာပြင်ကို နေရောင်ခြည် တိုက်ရိုက် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။ အဲလိုမှမဟုတ်ရင်တော့ သင့်ဖုန်း မျက်နှာပြင်ရဲ့ အရည်အသွေးကို ကျဆင်းစေမှာ ဖြစ်ပါတယ်။

၇။ ဂရုတစိုက် ဆေးကြောပါ။
သင့် စမတ်ဖုန်းရဲ့ မျက်နှာပြင်ကို ဆေးကြောမယ်ဆိုရင် ထိတွေ့မျက်နှာပြင်များအတွက် သင့်တော်တဲ့ နူးညံ့တဲ့ အ၀တ်အထည်ကို အသုံးပြုပါ။ သင့်ရဲ့ နေကာမျက်မှန်မှာ ပါတဲ့ အ၀တ်စကိုလည်း သုံးနိုင်ပါတယ်။ စိုစွတ်တဲ့ အ၀တ်စနဲ့ သန့်စင်မယ်ဆိုရင်တော့ အနည်းငယ်သာ စိုစွတ်အောင် ပြုလုပ်ပါ။ ပါးစပ်ကနေ အသက်ရှူထုတ်ပြီး မျက်နှာပြင်ကို အစိုဓါတ်ပေးနိုင်ပါတယ်။ ပြီးရင် မျက်နှာပြင်ကို အ၀တ်စနဲ့ ညင်သာစွာ ပွတ်ပါ။ ရေကို အသုံးပြုမယ်ဆိုရင် ဘုံဘိုင်ခေါင်းက ရေမှာ ကယ်လစီယမ်နဲ့ အခြား သတ္တုဓါတ်တွေ ပါဝင်တတ်တဲ့အတွက် ကြိုချက်ထားတဲ့ ရေကိုသာ အသုံးပြုသင့်ပါတယ်။ အလွန်အကျွံ ပွတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။ ဖုန်းရဲ့ မျက်နှာပြင်မှာ ကျန်နေတဲ့ ရေခိုးရေငွေ့များက အတွင်းပိုင်း Hardware တွေထဲ မရောက်ရှိဖို့ ပွတ်တိုက်ပြီးတဲ့ အခါမှာ မျက်နှာပြင်ကို လေနဲ့ ခြောက်သွေ့အောင် ထပ်မံ ပြုလုပ်ပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com