1/27/2015

♪ Desktop web browser များမှ message ပေးပို့နိုင်မည့် ဝန်ဆောင်မှုကို WhatsApp စတင် ♫


WhatsApp သည် ၎င်း၏ သုံးစွဲသူများအတွက် desktop web browser များမှ message များ ပေးပို့နိုင် မည့် ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့သည်။

သို့ရာတွင် browser များမှ ပေးပို့လိုက်သည့် စာများကို သုံးစွဲသူ၏ ဖုန်းများတွင် မြင်တွေ့ရမည် ဖြစ်ကြောင်း ကုမ္ပဏီက blog post တွင်ကြေညာခဲ့သည်။ အဆိုပါ desktop messaging ဝန်ဆောင်မှုကို  Apple   ထုတ်ကုန်ဖြင့်  Whatsapp ကို သုံးစွဲသူများ ရရှိမည်မဟုတ်ကြောင်း သိရှိရသည်။

ကုမ္ပဏီအနေဖြင့်   Apple   platform ကန့်သတ်ချက် များအတွင်း web client ကိုထောက်ပံ့ နိုင်မည် မဟုတ်ကြောင်း blog post တွင် Whats App မှဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက Facebook သည်  မိုဘိုင်းဖြင့် သုံးစွဲသူ သန်း ၇၀၀ ရှိသည့် WhatsApp ကိုကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူနိုင်ခဲ့ သည်။

WhatsAppသည် ကမ္ဘာ့အကြီးဆုံး messaging platform များအနက် တစ်ခုဖြစ်သော်လည်း များပြား လာသည့် သုံးစွဲသူများကြားတွင် အခကြေးငွေ မည်သို့ရရှိအောင် စီမံခန့်ခွဲရန် အခက်တွေ့နေသည်။

လတ်တလောတွင် ကုမ္ပဏီအနေဖြင့် ၎င်းဝန်ဆောင်မှုကို sign up ပြုလုပ်၍ တစ်နှစ်ခန့် အသုံးပြုပြီး သူများအား နှစ်စဉ်ကန်ဒေါ်လာ ၀.၉၉ ကောက်ခံနေကြောင်း သိရသည်။

Ref: BBC

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com