1/14/2015

♪ HP Elitebook Folio 1020 ရဲ့ အားသာချက် ၊ အားနည်းချက် ၊ နည်းပညာ နှင့် အသေးစိတ်ဖော်ပြချက်များ♫


အားသာချက်
ပါးလွှာပေါ့ပါးသည့် ဒီဇိုင်းရှိသည်။ ကီးဘုတ်တုံ့ပြန်မှု အပိုင်းအတော်လေးကို ကောင်းမွန်သည်။ Display ပိုင်း resolution ကလည်း အတော်လေးကို ကောင်းမွန်သည်။ ထည့်သွင်းပေးထားသည့် လုံခြုံရေးဆိုင်ရာ feature ကလည်း အတော်လေးကို ကောင်းမွန်သည်။

အားနည်းချက်
ထည့်သွင်း သုံးစွဲထားသည့် ဘက်ထရီ၏ ဆက်တိုက် သုံးစွဲနိုင်သည့် သက်တမ်းမှာ သာမန်ထက် အတော်လေးကို နိမ့်ပါးသည်။ Display ပိုင်းတောက်ပ စိုပြည်မှုမှာမူ အခြားသော ပြိုင်ဘက်များထက် အနည်းငယ် အားနည်းနေသည်ကို တွေ့ရသည်။

အသေးစိတ်ဖော်ပြချက်
HP Elitebook Folio ၏ ဒီဇိုင်းမှာ MacBook Air ပင်မနာလို ဖြစ်သွားနိုင်သည့် ဒီဇိုင်းဖြစ်သည်။ ပါးလွှာပြီး ထည့်သုံးထားသည့် လုံခြုံရေးပိုင်း feature များမှာ အတော်လေးကို ကောင်းမွန်ပါသည်။ သို့သော် ၎င်း၏ ဘက်ထရီပိုင်းမှာ စိတ်ပျက်ဖွယ်ရာဖြစ်သည်။


Display မှာ ၁၂.၅ လက်မ HD display ဖြစ်ပြီး resolution မှာ 2560 x 1440 ရှိသည်။ Display ပိုင်းသည် လက်ရှိခေတ်စားနေသည့် Touchscreen  မဟုတ်ပေ။ CPU ကို 1.2-GHz Intel Core M-5Y71 သုံးစွဲထားပြီး RAM မှာ 8GB ထည့်ပေးထားသည်။ သိုလှောင်မှုအတွက် 256GB ပမာဏရသော SSD ပါရှိပြီး ဂရပ်ဖစ်ပိုင်းအတွက် Intel HD Graphics ကိုသုံးထားသည်။ လက်ဗွေဖတ်စနစ်နှင့် တီထွင်မှု ပိုင်းကောင်းသော touchpad တို့မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ HDMI, USB 2.0 နှင့် microSD port များပါရှိသည်။ 720p ရှိသော webcam ပါရှိပြီး အလေးချိန်မှာ ၂.၆၈ ပေါင်ဖြစ်သည်။

ဘက်ထရီ
ထည့်ပေးထားသော ဘက်ထရီကို Wi-Fi ဖွင့်၍ ဝက်ဘ်ပေါ်၌ ရှာဖွေမူများ လုပ်ကြည့်သည့် အခါ၌ ၆ နာရီနှင့် ၄၉ မိနစ်အထိ ဆက်တိုက် သုံးစွဲနိုင်ကြောင်း တွေ့ရှိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com