1/29/2015

♪ MWC မှာ ပွဲထွက်လာဖို့ Galaxy S6 အတည်ပြုလိုက် ♫


ဆမ်းဆောင်းစီနီယာဝန်ထမ်းတစ်ယောက်ရဲ့ပြောစကားကို တောင်ကိုရီးယားမီဒီယာတွေက ပြန်လည်ဖော်ပြ ခဲ့ပြီးလာမယ့်မတ်လ ၂ရက်နေ့မှာ ကျင်းပမယ့် MWC ပွဲတော်မှာ ဆမ်းဆောင်းရဲ့ Flagship စမတ်ဖုန်း မျိုးဆက်သစ် Galaxy S6 ကိုပွဲထုတ်သွားမယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဆမ်းဆောင်းဟာ Prototypes တွေကို ထုတ်လုပ်ထားပြီး ဘယ်မော်ဒယ်ကို တရားဝင်ရောင်းချသွားမလဲလို့ ဆုံးဖြတ်နေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီသတင်းနဲ့အတူ အခြားကောလဟလ သတင်းတွေနဲ့ ပုံရိပ်တွေလည်း ထွက်ပေါ်လာပါတယ်။ ကုမ္ပဏီဟာ သုံးစွဲသူတွေရဲ့အမြင်ကိုလည်းကောက်ခံလျက်ရှိပြီး သူတို့ရဲ့ dual-edge screen ကိုသုံးစွဲဖို့မသေချာသေး ဘူးးလို့ သတင်းအချို့ကဆိုပါတယ်။ ဒါ့အပြင် ဆမ်ဆောင်းဟာ Snapdragon 810 chip တွေကို အပူ ရှိန်ပြသာနာကြောင့်ဆက်လက်သုံးစွဲမှာ မဟုတ်ပဲ Galaxy S6 ကိုကိုယ်ပိုင် Exynos chip နဲ့ ထုတ်လုပ် သွားမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ဘာစီလိုနာ MWC ပွဲအတွက် သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက် LG ကလည်း ၀တ်ဆင်နိုင်တဲ့ ကွန်ပျုတာစမတ်ပစ္စည်းတွေအစား LG G4 စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ LG ဟာ G3 စမတ်ဖုန်းကို 2014 မေလမှာ စတင်ရောင်းချခဲ့တာပါ။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com