1/28/2015

♪ Vivo ရဲ့ X-Series စမတ်ဖုန်းစာရင်းဝင် - VIVO X5 MAX ♫


Vivo ရဲ့ X-Series စမတ်ဖုန်းစာရင်းဝင် X5 Max ဟာ တည်ဆောက်မှု ဒီဇိုင်းပုံစံအသစ်နဲ့ Hi-Fi 2.0 ကိုသုံးစွဲထားပြီး ကာရာအိုကေ သီဆိုလိုသူတွေအတွက်တော့ ကောင်းမွန်တဲ့ effect တွေပေးစွမ်းမယ့် Yamaha chip နဲ့ပေါင်းစပ်ပေးထားပါတယ်။

စမတ်ဖုန်းတစ်လုံး (သို့) မိုဘိုင်း device တစ်ခုအတွက် လုပ်ဆောင်နိုင်စွမ်းတွေကို လွယ်လင့်တ ကူနေရာဒေသမရွေးသုံးစွဲ နိုင်စေအောင် ကူညီပေးမှာကတော့ သူ့မှာထည့်သွင်းတည်ဆောက်ထားတဲ့ Hardware ပါပဲ။ Vivo X5Max မှာ Octa-Core 64bit ပရိုဆက်ဆာာကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAM ကတော့ 2GB ထောက်ပံ့ပေးထားပါတယ်။ Snapdragon 615 ရဲ့ ပေါင်းစပ်မှုကတော့ 1.7 GHz Cortex-A53 Quad-Core နဲ့ 1.0 GHz Cortex-A53 Quad-Core တို့ပူးတွဲအလုပ်လုပ်မှာဖြစ်ပါတယ်။

အချက်အလတ်တွေ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက် လတ်တလောထွက်ရှိထားတဲ့ စမတ်ဖုန်းတွေ ကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ 16GB ပဲဖြစ်ပြီးတော့ nano sim ကိုအသုံးမပြုဘူးဆိုရင်တော့ 128GB ကို sim 2 slot ကနေတိုးမြှင့်နိုင်မှာပါ။ X5 Max မှာ မျက်နှာပြင်ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့် full HD (1080 x 1920) ကိုပေးစွမ်းထားပါတယ်။ Display ကတော့ Supter AMOLED ဖြစ်ပြီး 5.5 လက်မမျက်နှာပြင်မှာ ပုံရိပ်တွေကို အသေးစိတ်မြင်တွေ့နိုင်ဖို့ 401ppi နဲ့ထောက်ပံ့ ပေးထားပါတယ်။ Black Screen အပြည့်သုံးစွဲထားတာမဟုတ်ပေမယ့် ဘေးဘောင်လေးတွေရဲ့ အကျယ်အ၀န်းက 0.19in သာရှိတာကြောင့် 5 လက်မခွဲမြင်ကွင်းအရသာကို ခံစားနိုင်ပါလိမ့်မယ်။

အဓိကကင်မရာဟာ 13MP ဖြစ်ပြီး ဓာတ်ပုံတွေရိုက်ကူးမယ်ဆိုရင် 4128 x 3096p အရည်အသွေး ရရှိနိုင်မှာ ဖြစ်ကာ HDR mode သုံးပြီးရိုက်မယ်ဆိုရင်တော့ စိုပြည်ပြီးအရောင်စိုတဲ့ပုံတွေကို ရပါလိမ့်မယ်။ video ရိုက်မယ်ဆိုရင်တော့ 1080p HD ရရှိနိုင်မှာပါ။ မြင်ကွင်းကျယ် ဓာတ်ပုံရိုက်ကူးလိုသူတွေအတွက် ကတော့ Panorama သုံးစွဲနိုင်ပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် selfie ရိုက်ကူးလိုသူတွေအတွက်ကတော့ 5 MP ကင်မရာကို သုံးစွဲနိုင် ပါလိမ့်မယ်။ X5 Max ကို single critical cloth board နည်းပညာသုံးစွဲထားပြီးတော့ ဖုန်းရဲ့ screen ကလည်း 3.98mm ရအောင်ပြုလုပ်ထားပြီး စပီကာကိုတော့ လေယာဉ်ကိုယ်ထည်တွေတည်ဆောက် တဲ့အခါမှာ သေသပ်တဲ့ဖွဲ့စည်းမှုပုံစံလိုမျိုး 2.45mm အထူသာရှိစေဖို့ အစွမ်းကုန်ပြုလုပ်ထားပါတယ်။



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com